ရန်ကုန်နှင့် မန္တလေးတို့တွင် ပြုလုပ်သွားမည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ

...

ရန်ကုန်နှင့် မန္တလေးတို့တွင် ပြုလုပ်သွားမည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ

Mizzima, 02 Apr 2019

URL: http://mizzima.com/article/thai-inter-university-education-fair-be-held-yangon-and-mandalay
ပြည်ပ ပညာရေးကို စိတ်ဝင်စားသော ကျောင်းသားများအတွက် အခွင့်အလမ်းများ၊ ပညာသင်ဆု Scholar များနှင့်ပတ်သက်ပြီး လေ့လာနိုင်မည့် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ရန်ကုန်နှင့် မန္တလေးတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများ အသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ ထိုင်းနိုင် ငံသံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ ဒီအသင်းတည်ထောင်တဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက မြန်မာပြည်ရဲ့ ပညာရေးဘက်စုံဖွံ့ဖြိုးအောင် တစ်တပ် တစ် အားပါဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ နောက်ပြီး ကျွန် တော်တို့ ကိုယ်တိုင်က ထိုင်းတက္ကသိုလ် အသီးသီးမှာ ဘွဲ့ရခဲ့တာ ဆိုတော့ ကျွန်တော်တို့ တက်ခဲ့တဲ့ကျောင်းတွေရဲ့ အရသာတွေ၊ အတွေ့ အကြုံတွေ ဒါတွေကို ကျွန်တော်တို့ ဝေမျှချင်တယ်။ နောက်ပြီး အဲ့ဒီကျောင်းတွေမှာလည်း ဒီက ကျောင်းသား ကျောင်းသူတွေ တက်ရောက်နိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ လည်း ကျွန်တော်တို့က ပြောပြချင်တယ်။ အဲ့ဒါက စပြီး Thai Education Fair လုပ်ဖြစ်တာပါ" ဟု ထိုင်းတက္ကသိုလ် ဘွဲ့ရမြန်မာ ကျောင်းသား များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံက ပြောသည်။

ယခုပွဲကို ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ထိုင်းနိုင်ငံမှ တက္ကသိုလ်ပေါင်း ၂၃ ခုပါဝင်ခဲ့ပြီး ယခုအကြိမ်တွင် တက္ကသိုလ်ပေါင်း ၂ဝ ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကျောင်းသားများကို သီးသန့် ပေးသော Full Scholar နှင့် အခြား Scholar အမျိုးမျိုးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ထိုင်းတက္ကသိုလ်မှာ တစ်ခုနဲ့ တစ်ခုတော့ မတူကြပါဘူး ။ ဥပမာ ကိုယ်က ဘယ်ဟာကို တက်ချင်တာလဲဆိုတာ မူတည်တယ်။ Bachelor ကို တက်ချင်တာလား၊ Master တက်ချင်တာလား။ Bachelor တက်ချင်ရင် သူတို့က ၁၂ တန်းစနစ်ကို သွားတာ ဖြစ်တဲ့အတွက် မြန်မာပြည်က ဆယ်တန်းအောင်ရင် တက်လို့ မရသေးဘူး။ အဲ့တော့ သူတို့မှာ ဖောင်ဒေးရှင်းတက်ရင်တက်၊ မတက်ရင် မြန်မာပြည်က ပထမနှစ်အောင်ပြီးရင်လည်း တက်လို့ ရတာမျိုးရှိတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းမတူဘူးပေါ့နော်။ တစ်ချို့ကျောင်းတွေကလည်း ဆယ်တန်း အောင်လက်ခံတာ ရှိရင် ရှိမယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သိလိုရာမေးနိုင်အောင် ဒီပွဲလုပ်တာ ဖြစ်တယ်" ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရမြန်မာကျောင်းသားများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံက ပြောသည်။

အဆိုပါပညာရေးပြပွဲကို ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်နှင့် ဧပြီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာတို့တွင် မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်သည်။