၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ၅၈၁၂၉ ဒသမ ၇၈၈ သန်း ထောက်ပံ့ နိုင်ခဲ့

...

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ၅၈၁၂၉ ဒသမ ၇၈၈ သန်း ထောက်ပံ့ နိုင်ခဲ့

Eleven Myanmar, 27 Apr 2019

URL: https://elevenmyanmar.com/news/ministry-funds-over-ks-58-billion-for-monastic-education-schools
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ထောက်ပံ့ငွေ ၅၈၁၂၉ ဒသမ ၇၈၈ သန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လက်ရှိအစိုးရ လက်ထက်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော သုံးနှစ်တာ ဆောင်ရွက် ချက်များတွင် ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို အခြေခံပညာကျောင်းများသာမက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း များကိုပါ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများ ထောက်ပံ့လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၆၇၅၃ ဒသမ ၁၉၂သန်း ထောက်ပံ့ခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၈၁၂၉ ဒသမ ၇၈၈ သန်းအထိ တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၁၅၅၇ ကျောင်းရှိပြီး ကျောင်းသားအရေအတွက် စုစုပေါင်းခုနှစ်သိန်းရှစ်ထောင်ကျော် ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်အရ လုပ်ငန်းလေးခုအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “လုပ်ငန်းလေးခုမှာ ပထမတစ်ခုက တော့ ကျောင်းဖွံံဖြိုး တိုးတက်ဖို့ ရန်ပုံငွေ ထောက်ပံ့တာ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ၅၈ ဒသမ ၁၂၉ ဘီလျံကျော် ချီးမြှင့်နိုင်ခဲ့တယ်။ ပညာသင် ထောက်ပံ့ကြေးအနေနဲ့ကတော့ ၁၆ ဒသမ ၆၀၉ ဘီလျံ ချီးမြှင့်ခဲ့ပြီး တော့မှ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်နောက်ပိုင်းတွေမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ မှာ ကျောင်းထောက်ပံ့ကြေး တိုးမြှင့်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

၂၀၁၄ ခုနှစ်မှစ၍ ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများပံ့ပိုးမှုဖြင့် အခြေခံပညာကျောင်းများနှင့် ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများသို့ ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေ ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။