မွန်ညီညွတ်ရေးပါတီ မြို့နယ်အဆင့်ပေါင်းစည်းရေးကို (၃) နေရာသာ ကျန်ရှိ

...

မွန်ညီညွတ်ရေးပါတီ မြို့နယ်အဆင့်ပေါင်းစည်းရေးကို (၃) နေရာသာ ကျန်ရှိ

Mon News Agency, 05 Feb 2019

URL: https://www.bnionline.net/en/news/only-three-township-level-committees-left-be-unified-new-mon-unity-party
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသား ပါတီတို့ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြည် ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားလျက်ရှိရာ မြို့နယ်အဆင့် ပါတီပေါင်းစည်းရေးတွင် ၃ မြို့နယ်သာ ကျန်ရှိတော့ ကြောင်း ပါတီခေါင်းဆောင်များထံမှ သိရသည်။

“ကော့ကရိတ်ဘက်မှာ တစ်မြို့နယ်ကျန်တယ်။ ရန်ကုန်၊ပဲခူး ကျန်သေးတယ်။ ရန်ကုန်နဲ့ပဲခူးကျတော့ မကြာခင်မှာ အကောင် အထည်ဖော်သွားမယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်း ရေးမှူး (၁) နိုင်လယိတမက ပြောသည်။

မြို့နယ်အဆင့်ပါတီပေါင်းစည်းရေးကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းတွင် ကော့သောင်းနှင့် ဘုတ်ပြင်း၊ ကရင်ပြည် နယ်တွင် ကြာအင်းဆိပ် ကြီးမြို့နယ် အပါအဝင် မြို့နယ် (၁၂) မြို့နယ်၌ ပေါင်းစည်းရေးဆောင်ရွက်ထားပြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။

မကြာမီသီတင်းပတ်အတွင်း မြို့နယ်အဆင့်ပေါင်းစည်းရေးကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် မုဒုံမြို့နယ်အတွင်း ကျေးရွာ (၂၀) ဝန်းကျင်ခန့်ကို ကျေးရွာအဆင့်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မူလက မွန်ပါတီအမည်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်မပြုသဖြင့် နောက်တစ်ကြိမ်တွင် မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားဆဲ ဖြစ်သည်။