ရန်ကုန်ရှိ စက်မှုဇုန်လုပ်သား ၇၀၀၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် UMFCCI က ကူညီမည်

...

ရန်ကုန်ရှိ စက်မှုဇုန်လုပ်သား ၇၀၀၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် UMFCCI က ကူညီမည်

Myanmar Times, 01 Oct 2018

URL: https://www.mmtimes.com/news/business-group-vows-help-7000-yangon-workers-get-id-cards.html
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)သည် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်(၁၄)ခုတွင် ရှိသည့် လုပ်သား ၇၁၀၀ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရန် ကူညီပေးမည်ဖြစ်ကြောင်း အဖွဲ့အစည်း၏အကြီးတန်းအမှုဆောင်တစ်ဦးက ပြောခဲ့သည်။

အဆိုပါအဖွဲ့ချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က နှစ်လအတွင်း ကတ်ပြားရရှိအောင် အဖွဲ့နေနှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ဒေသကြီးက မြို့နယ် ၁၄ ခုမှာ လုပ်သား ၄ သိန်းနီးပါးရှိပါတယ်။ သူတို့ထဲက လုပ်သား ၇၁၀၀ က မှတ်ပုံတင်ကတ်ပြားမရှိပါဘူး။ သူတို့အတွက် ကတ်ကို ၂ လအတွင်း ရရှိအောင် ကျွန်မတို့ လုပ်ပေးမှာပါ ”ဟု ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့ကတည်းကပင် သူမတို့အနေနှင့် လဝကထံမှ NRC ကတ်ပြားရရှိရန်အတွက် ကြိုးစားနေကြောင်း ပြောခဲ့သည်။

NRCs ကတ်သည် အလုပ်သမားများ မည်သည်မည်ဝါဖြစ်ကြောင်း အထောက်အထားကတ်တစ်ခုဖြစ်ပြီး အလုပ်သမားများ ဥပဒေကို လိုက်နာရာတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သူမက ပြောခဲ့ သည်။

“အလုပ်ရှင်နဲ့ အလုပ်သမားက အပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှာပါ ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသိန်းရွှေဝင်းက ကတ်အား ရန်ကုန်အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်များရှိ ဗဟိုတည်နေရာများတွင် ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုနော်အောင်က နိုင်ငံသားစိစစ်ရေးကတ်ရှိထားလည်း ဘာမှထူးခြားသွားမှာ မဟုတ်ဘူးလို့ ထင်လေ့ ရှိကြတယ်။ မကြာသေးခင်ကပဲ နိုင်ငံသားကတ်မရှိတဲ့သူတွေက ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာတာကို တွေ့ရတယ်၊ ဒါကြောင့် အလုပ်သမားတွေက ကတ်ထုတ်ပေးဖို့ တောင်းဆိုလာ ကြတာတွေ ရှိလာတယ် ဟု သူက ပြောသည်။