ရန်ကုန်မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်း ၉ သိန်းကျော် ဖန်တီးနိုင်ရန် မျှော်မှန်း

...

ရန်ကုန်မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်း ၉ သိန်းကျော် ဖန်တီးနိုင်ရန် မျှော်မှန်း

Eleven Myanmar, 17 Sep 2018

URL: http://www.elevenmyanmar.com/local/15092
ရန်ကုန်မြို့တော်၏ မြို့သစ်စီမံကိန်းအတွက် ရည်မှန်းသောဧရိယာမှာ ဧက၁၆၈ ၀၀၀ နှင့် ၂၀၀၀၀ ဧကရှိပြီး ပထမဆုံးအပိုင်းအတွက် အသုံးပြုမည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်း ၉ သိန်းခန့် ဖန်တီးပေး နိုင်ရန် မျှော်မှန်းထားသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးကုမ္ပဏီ(NYDC) သည် အမြင့်ဆုံးစီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သည့် McKinsey & Company ကိုလူမှုစီးပွားရေးမာစတာစီမံကိန်း(SEMP)တစ်ခုရေးဆွဲရန် ငှားရမ်းခဲ့သည်။ NYDC မှ မူကြမ်း ကို ဇွန်လတွင် အပြီးသတ်ရေးဆွဲခဲ့ကြောင်း ပြောခဲ့သည်။ နိုင်ငံတကာဖွံ့ဖြိုးရေး UK ဌာနမှ အတွက် စီမံကိန်း အတွက် ငွေကြေး ကူညီပေးမည်ဖြစ်ပြီး အလုပ်အကိုင်အခဝင့်အလမ်း ၂သန်း ဖန်တီးပေးနိုင်မည်ဖြစ် သည်။ McKinsey ကုမ္ပဏီသည် ကွင်းဆင်းစုံစမ်းမှုများနှင့် အကဲဖြတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ဆွေးနွေးတိုင်ပင်ခဲ့သည်။

ပထမဆံရန်ကုန်မြို့သစ်စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်း ၆ သိန်းမှ ၉ သိန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆောက်အဦးများကို ဦးစွာ တည်ဆောက်မည်ဖြစ်သည်။ စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းများကို ရန်ကုန်မြို့သစ်သို့ ပြောင်းရွှေ့နိုင်သည်။ အလုပ်အကိုင်အခွင့်အလမ်းများသည် ယခုနှစ်နှောင်းပိုင်းတွင် ပိုမို များလာမည်ဖြစ်သည်။