ဂျပန်-မြန်မာပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်ကျောင်း ဖွင့်လှစ်မည်

...

ဂျပန်-မြန်မာပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်ကျောင်း ဖွင့်လှစ်မည်

Eleven Myanmar, 03 Aug 2018

URL: http://www.elevenmyanmar.com/local/14470
ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်ကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီဌာနက သိရသည်။

သင်တန်းကျောင်းဖွင့်လှစ်ရေးနှင့်ပတ်သက်၍ သြဂုတ်လ ၁၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်နိုင်ငံ Polestar AKIGO Service Co.Ltd တို့ ဆွေးနွေးခဲ့ကြောင်း နှင့် ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ( Vocational training school for Elderly Caregiver) ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်ဆို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနိုင်ရန် လိုအပ်သော စာသင်ခန်းပြုပြင်မှုများ၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ပူးပေါင်းပြင်ဆင်မည့် အစီအစဉ်များ ၊ သင်တန်းတက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်များ၊ သင်တန်းပြီးဆုံးပါက အရည်အချင်းပြည့်မီသူများသည် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်ဆိုစောင့်ရှောက်ရေးဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေး အစီအစဉ်များ စသည်တို့ကို ဆွေးနွေးထားကြောင်းနှင့် အဆိုပါသင် တန်းသည် ၆ လတာ အချိန်ပြည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် ဂျပန်နိင်ငံမှ နည်းပြများလည်း မြန်မာနိုင်ငံသို့လာရောက်ကာ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းအတွက် မြန်မာလုပ်မားများအမြန်ဆုံးစေလွှတ်ပေးရန် ဂျပန်အစိုးရက မြန်မာအစိုးရကို ကမ်းလှမ်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။