မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်လယ်သမား ရှစ်သောင်းကျော်ကို ကျပ်ဘီလီယံ ၆၀ ကျော်ထုတ်ချေးထားပြီဟုဆို

...

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်လယ်သမား ရှစ်သောင်းကျော်ကို ကျပ်ဘီလီယံ ၆၀ ကျော်ထုတ်ချေးထားပြီဟုဆို

Narinjara, 02 Aug 2018

URL: https://www.bnionline.net/en/news/madb-provides-over-ks-60-billion-loan-over-80000-rakhine-farmers
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ရခိုင်ပြည်နယ်မှ လယ်သမားများ ရှစ်သောင်းကျော်ကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ချေးငွေ ကျပ်ဘီလီယံ ၆ဝ ကျော် ထိ ထုတ်ချေး ပေးထားပြီဖြစ်ကြောင်း သ တင်းရရှိသည်။

ယခုနှစ် စိုက်ပျိုးရာသီတွင် ကျပ်ဘီလီယံ ၈ဝ ကျော်ထုတ်ချေးပေးမည်ဖြစ်ရာ ၎င်းအထဲမှ ကျပ်ဘီလီယံ ၆၀ ကျော်ကို ထုတ် ချေးပေးထားပြီ ဖြစ်ကြောင်း စစ်တွေ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေ ဂျာ ဦးအေးသိန်းက ပြောကြားသည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ အတွက်ဘဏ်ချေးငွေများ ကို မေလမှ ဇွန်လအထိ ထုတ်ချေးရန် သတ်မှတ် ထားခဲ့သော်လည်း ဇူလိုင်လကုန်အထိ တစ်လသက် တမ်းတိုးမြှင့် ထုတ်ချေးခဲ့သည်ဟု သိရသည်။

နောက်ထပ်လည်း လိုအပ်လာပါက ရခိုင်ပြည်နယ်မှ လယ်သမားများအတွက် ဘဏ်ချေးငွေများကို လိုအပ် လျှင်လိုအပ်သလို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

"အခုလို ရာသီဥတုအခြေအနေကြောင့် ရေကြီးတာ တွေ၊ ဘာတွေဖြစ်တယ်ဆိုရင် လိုအပ်လို့ ရှိရင်လည်း ရုံးချုပ်ကိုတင်ပြပြီးတော့ ထပ်မံပြီးတော့ တိုးပြီးထုတ်ပေးနိုင်ရင် တိုးပေးသွားဖို့ အစီအစဉ်တွေလည်း ရှိပါ တယ်"ဟု ဦးအေးသိန်းက ပြောသည်။

ထိုကဲ့သို့ အချိန်ကာလ တိုးမြှင့်ပြီး လယ်သမားများကို ထပ်မံ ငွေချေးပေးမည့် အစီအစဉ်ကို ကြိုဆိုကြောင်း လယ်သမားများက ပြောဆိုသည်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လယ်သမားဦးသိန်းထွန်းဦးက "ကာလ တိုးမြှင့်ထုတ်ချေးမယ် ဆိုရင်တော့ အခက်အခဲဖြစ်နေတဲ့အတွက် လယ်သမားတွေ အတွက်တော့ ကောင်းတာပေါ့။ ကျနော့်မှာ တော့ ချေးငွေဆပ်ပြီးပြီဖြစ်တဲ့အတွက် ဒီနှစ်အတွက် ဘဏ်ချေးငွေကို ချေးထားပြီဖြစ်ပါတယ်"ဟု ပြောသည်။

ယခင်နှစ်များကထုတ်ချေးထားသည့် ချေးငွေများကိုပြန်မဆပ်သည့်လယ်သမားများအား ဥပဒေ အရ အရေးယူသွားမည်ဖြစ် သော်လည်း လက်ရှိတွင် အရေးယူမှုမရှိသေးဘဲ ချေးငွေများ ပြန်လည် ဆပ်ကြရန် စည်း ရုံးကောက်ခံနေရဆဲဖြစ်ကြောင်းလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။