ကျောင်းဆရာ၊ဆရာများ လခတိုးပေးနိုင်ရန်အတွက် ကျောင်းဆောက်ခြင်းများကို ရပ်ဆိုင်းထား

...

ကျောင်းဆရာ၊ဆရာများ လခတိုးပေးနိုင်ရန်အတွက် ကျောင်းဆောက်ခြင်းများကို ရပ်ဆိုင်းထား

Myanmar Times, 24 Jul 2018

URL: https://www.mmtimes.com/news/education-infrastructure-budget-cut-help-teachers.html
သမ္မတဦးဝင်းမြင့် ကတိပေးထားသည့်အတိုင်း ကျောင်းဆရာ/မများကို လခတိုးပေးနိုင်ရန်အတွက်စာသင်ကျောင်းဆောက်လုပ်ခြင်းဘတ်ဂျတ်ငွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ပညာရေးဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ဥပဒေအရ ဖြတ်တောက်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှ ငွေအလုံအလောက်မရှိပါဘူး။ တင်ဒါရပ်ဆိုင်းလိုက်လို့လည်းမဟုတ်ပါဘူး ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့လခတိုးပေးရန်အတွက် ဝန်ကြီးဌာန၏ ၆ လစာ ဘတ်ဂျက်တွင် အပိုဆောင်းချထားပေးခြင်းမရှိသောကြောင့် ဆောက်လုပ်ရေးပိုင်းကို လျော့ချလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း လျော့ချသည့်ပမာဏကို ၂၀၁၈-၂၀၁၉ဘတ်ဂျက် စက်တင်ဘာတွင် စတင်၍ ပြန်လည်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။