၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စဝေါ် ပါတီပြော

...

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စဝေါ် ပါတီပြော

Burma News International, 15 Mar 2018

URL: https://www.bnionline.net/en/news/phalon-sawaw-party-decides-not-run-within-karen-state-2020-election
၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဝင်ပြိုင်မည်မဟုတ်ဟု ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီ-PSDP အထွေထွေအတွင်းရေးမှူး စောကြည်လင်းက
မတ် ၁၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက ̏ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ ကရင်ပြည်နယ်မှာ လုံးဝ ဝင်မပြိုင်ပါဘူး။ ကတိကဝတ် ပေးထား တာလည်းရှိတယ်။ လက်မှတ်ထိုးဆိုလည်း ထိုးတယ် " ဟု ပြော
သည်။

ဖလုံ-စဝေါ် အနေဖြင့် ကရင်ပြည်နယ်အတွင်း ဝင်မပြိုင် သော်လည်း ပြည်နယ်အတွင်း ကရင်သုံး ပါတီ ပူးပေါင်း တည်ထောင်ထားသည့် ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ-
KNDP ကိုသာ ကရင်ပြည်နယ်အတွင်း ဝင် ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း စောကြည်လင်းက ဆက်ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ နိုင်ငံရေးပါတီ တခုအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ် (၃) နေရာတွင် ဝင်ရောက် မယှဉ်ပြိုင်ပါက ပါတီအလို အ
လျောက် ပယ်ဖျက်မည်ဖြစ်သောကြောင့် ဖလုံ-စဝေါ်ပါတီ နေဖြင့် ကရင်ပြည်နယ်ပြင်ပ (မွန်ပြည်နယ်ကဲ့သို့သော )နေရာများတွင်သာ ဝင်ပြိုင်ရန်ရှိသည်ဟု ပါတီတာဝန်ရှိသူများ
ထံမှ သိရသည်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် လတ်တလော ပြည်နယ်အခြေစိုက် ကရင်ပါတီများပူးပေါင်းပြီး အသစ် ဖွဲ့စည်းထားသည့် KNDP ပါတီနှင့် မပေါင်းစည်းသော်လည်း အ
မာခံပါတီဝင်အချို့ နှုတ်ထွက်ကာ KNDP သို့ လာရောက် ပူးပေါင်းမှုများလည်း ရှိခဲ့သည်။

ထို့အပြင် မတ် ၁၂ ရက်နေ့က အသစ်ပြန်လည်ရွေးကောက်တင်မြှောက်လိုက်သည့် KNDP ပါတီ ဗဟို အလုပ်အမှုဆောင် ၁၅ ဦးတွင် ပါတီ ဥက္ကဌနေရာအပါအဝင် ဖလုံ-စဝေါ်ပါ
တီဝင်ဟောင်း ၆ ဦးပါဝင်ကာ ပူးပေါင်းခဲ့သည့် တခြားပါတီများထက် ဗဟိုအလုပ်မှုဆောင် နေရာတွင် အများဆုံး ပါဝင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ် အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့်
ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင် နိုင်ငံရေးပါတီ ၄ ပါတီ တရားဝင် ရပ်တည်နေပြီး ကရင်ပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် နေရာ မထပ်ရေးအတွက် ဆက်
လက်တွေ့ဆုံ ဆွေးနွေးသွား မည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ် တော်အမတ် ၃ နေရာ ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့်
ပြည်နယ်လွှတ်တော်တွင် ၄ နေရာ စုစုပေါင်း ကိုယ်စားလှယ် ၉ ဦး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၌ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်နေရာ အနိုင်ရရှိခဲ့ခြင်း မ
ရှိကြောင်း သိရသည်။