ရန်ကုန်တွင် အလုပ်လုပ်သူတိုင်း အိမ်ပိုင်ရရှိရေး ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းပြော

...

ရန်ကုန်တွင် အလုပ်လုပ်သူတိုင်း အိမ်ပိုင်ရရှိရေး ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းပြော

The Irrawaddy, 02 Feb 2018

URL: https://www.irrawaddy.com/news/burma/chief-minister-promises-accommodate-yangon-homeless-next-three-years.html
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ လက်ကျန်သက်တမ်း ၃ နှစ်အတွင်း ရန်ကုန်မြို့တွင် အလုပ်လုပ် ကိုင် နေထိုင်ကြသူများ တိုက်ခန်း အိမ်ရာများ အပိုင် ရရှိနိုင်ရန် အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ယင်းအပြင် လုပ်ငန်းဆောင်ရွက်ချက်များသည် တခုနှင့် တခု ချိတ်ဆက်နေသည့်အတွက် စီမံကိန်း များကို စနစ်တကျ လုပ်ဆောင်သွားရမည် ဖြစ်ပြီး အိမ်ရာစီမံကိန်းများအပြင် စက်မှုဇုန်များကိုလည်း အဆင့်မြင့်တင်ပေးနိုင်ရန်လည်း
ကြိုးစားဆောင် ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဝန်ကြီးချုပ်က “ ဒီအခြေအနေတွေကို ပြင်ဆင် ဆောင်ရွက်တဲ့နေရာမှာ ချက်ချင်းလက်ငင်း ပြင်ဆင်ဆောင်ရွက်ဖို့ဆိုတာ အလွန်အင်မတန် ခက်ခဲပါတယ်။ (စီမံ ကိန်း) ကြီးတွေကို စနစ်တကျ ပြင်ဆင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါ
ပေမယ့် အစိုးရသစ် ကျန်ရှိတဲ့ သက်တမ်း ၃ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်း က “အိမ်ခန်းရယူတဲ့ သူတွေကလည်း သူတို့ အိမ်ခန်းကို ရယူထားပြီးတဲ့ အချိန်မှာ တဖြည်းဖြည်း ကျပ် ၇ သောင်း၊ ကျပ် ၈ သောင်းလောက် ပေးဆပ်ခြင်းအားဖြင့် အနှစ်၂၀၊ ၂၅ နှစ်လောက်မှာ ပိုင်ဆိုင်မှုရရှိတဲ့ အဆင့်မျိုး
ဖြစ်ဖို့်အတွက် ကျနော်တို့မြေကို အစိုးရက ထည့်ဝင်ပေးပြီးတော့ လုပ်ငန်းရှင်ဘက်ကနေ တန်ဖိုးနည်းအိမ်ရာ အဆင့်မြှင့်တင်ဖို့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုအခြေအနေများကို ပြင်ဆင်ဆောင်ရွက်ရာတွင် စီမံကိန်းကြီးများဖြစ်သောကြောင့် ချက်ချင်းလုပ်ကိုင်ရန် ခက်ခဲသဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန်အတွက် လုပ်ငန်းရှင်များနှင့်
နားလည်မှု စာချွန်လွှာ ရေးထိုးထားခြင်းများ ရှိနေသည့်အပြင် စာချုပ်အဆင့်ထိ တက်လှမ်းပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ရေရှည်ချေးငွေစနစ်တခုနှင့် ဆောင်ရွက်ပေးသွားရန် ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရ သည်။