တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် နေပြည်တော်တွင် ကျင်းပ

...

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် နေပြည်တော်တွင် ကျင်းပ

The Global New Light of Myanmar, 19 Feb 2018

URL: http://www.globalnewlightofmyanmar.com/sustainable-development-forum-ethnics-held-nay-pyi-taw/
အနာဂတ်မြန်မာနိုင်ငံနှင့် ကိုက်ညီသင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန် ဘက်ပေါင်းစုံနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း
ဒုသမ္မတဟင်နရီဗန်ထီးယူက ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် ပြော
ကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားပြည်သူများ၏လူ
မှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် မူဝါဒများချမှတ်ပြီး တစိုက်မတ်မတ်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒုသမ္မတက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ၂၁ရာစု ပင်လုံညီလာခံအစည်းအဝေးအဆင့်ဆင့်ကိုလည်း ကျင်းပလျှက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရန်အတွက် အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ ကြိုးပမ်းလျှက်ရှိကြောင်း၊ စိန်ခေါ်မှုများရှိသော်လည်း ယုံကြည်ချက်နှင့်ကျော်ဖြတ်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြား
သည်။

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားဒေသတွင် နယ်မြေဒေသတည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်ဦးစားပေးဆောင်ရွက်နေကြောင်း၊ အတွေးအမြင်မတူခြင်းများကို ဘေးဖယ်ထား
ပြီး တူညီမှုများကို စုစည်းကာ မတူညီသော်လည်းပေါင်းစပ်ပြီး ဆောင်ရွက်နိုင်ခြင်းများရှိကြောင်း ပြောကြားခဲ့သည်။