မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး ခြောက်လအတွင်း အကောင်အထည်ဖော်သွားမည်

...

မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး ခြောက်လအတွင်း အကောင်အထည်ဖော်သွားမည်

Mon News Agency, 17 Jan 2018

URL: http://monnews.org/2018/01/16/new-mon-nationals-political-party-to-be-established-within-six-months/
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြီးစီးသည့် မွန်နိုင်ငံရေးညီလာ ခံမှ လာမည့် ၆ လအတွင်း မွန်တစ်မျိုးသားလုံးကိုယ်စားပြု ပါတီဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်သွားမည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ ၂၅၀ဝ သာသနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတွင် နှစ်ရက်တာ ညီလာခံကျင်းပအပြီး မွန်ဘာ သာဖြင့်ထုတ်ပြန်ချက်အရ မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီ
ဖြစ် မြောက်ရေးအတွက် (၆) လအတွင်း ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲအကောင်အထည်ဖော်မည့် အဖွဲ့အစည်း(ဝါ) ကော်မရှင်တစ်ရပ် ဖွဲ့စည်းရာတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသ
မားများ ဝိုင်းဝန်းပါဝင်ကြပါရန် ဤညီလာခံမှ အလေးအနက်တိုက်တွန်း နှိုး ဆော်အပ်ပါကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံရေးသမားများနှင့် ပညာရှင်များ (၂၁)ဦး ပါဝင်သည့် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့ ကို ဤညီလာခံမှ လုံးဝ တာဝန်လွှဲအပ်လိုက်ပါကြောင်း၊ စည်းမျဉ်းများရေးဆွဲပြီးပါက ညီလာခံတစ်ရပ်ကို (၆) လအတွင်း ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း၊ မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့အား အကြံဉာဏ်များပံ့ပိုးနိုင်မည့် ကြီး
ကြပ်ရေး အဖွဲ့ကို ရဟန်းသံဃာတော်နှင့် လူမှုရေးအဖွဲ့အစည်းခေါင်းဆောင် (၁၉) ဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ရေးသားထားသည်။

“ညီလာခံမှ နိုင်ငံရေးသမားများနှင့် ပညာရှင်များ (၂၁) ဦး ပါဝင်သည့် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုပါတီဖြစ်မြောက် ရေးအဖွဲ့အား ရွေးချယ်တာဝန်ပေးအပ်ရာတွင် မွန်ပြည်သစ်ပါတီဝင်ဟောင်း
များ၊ ပြည်နယ်လွှတ်တော်အမတ်များ၊ AMDP နှင့် MNP ဗဟိုအလုပ်အမှုဆောင်ဟောင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း CSO လှုပ်ရှားသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် လူငယ်ခေါင်း
ဆောင်များ ပါဝင်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ မွန်နိုင်ငံရေးညီလာခံအား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP လေ့လာသူအဖြစ် တက်ရောက်သော်လည်း တရားဝင်ပါတီအဖြစ်ရပ်တည်လျက်ရှိ
သည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP တို့မှ အသိအမှတ်ပြု တက်ရောက်ခြင်းမရှိပေ။

မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် အဆိုပါညီလာခံသို့ မွန်လူထုလူတန်းစား အလွှာအသီးသီးမှကိုယ်စားပြုသည့် သံဃာတော်များ၊ စာပေယဉ်ကျေး
မှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း
(၈၀ဝ) ကျော်တက်ရောက်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။