ကျားမ တန်းတူရေး အထောက်အကူ ပြုနိုင်မည့် မဟာဗျူဟာ စာတမ်း ထုတ်ပြန်

...

ကျားမ တန်းတူရေး အထောက်အကူ ပြုနိုင်မည့် မဟာဗျူဟာ စာတမ်း ထုတ်ပြန်

The Irrawaddy, 15 Jan 2018

URL: https://www.irrawaddy.com/specials/women/womens-participation-will-bolster-chances-peace-report.html
ကျားမ တန်းတူရေး ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည့် ‘ကျားမ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ’ မူဝါဒရေးရာ စာတမ်း ထုတ်ပြန်ပွဲကို၂၀၁၈
ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel တွင် ပြုလုပ်သည်။

အဆိုပါစာတမ်းကို Salween ပြည်သူ့ရေးရာ မူဝါဒများ လေ့လာ ရေးအဖွဲ့ နှင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။

စာတမ်းကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ ဥပဒေပြုရေး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေး အဆင့်ဆင့်တို့တွင် အမျိုးသမီး
များ ပိုမိုပါဝင်လာ နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်မှုများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုစုရေးသားခဲ့ခြင်း ဖြစ်ကြောင်း စာတမ်း ပြုစုသူများက
ရှင်းပြသည်။

ကျားမ ရေးရာများကို ပိုမိုသိရှိ နားလည်လာခြင်း မှစ၍ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက် ချသည့် ဖြစ်စဉ်များတွင် အမျိုးသမီး များ ပိုမို ပါဝင်လာစေခြင်းဖြင့် ကျားမ တန်း
တူရေးကို ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းတို့က ပြောသည်။

ကျားမ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာ စာတမ်းတွင် အဓိက အပိုင်း ၄ ပိုင်းဖြင့် ဆွေးနွေး တင်ပြထားပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်
သော အမျိုးသမီးများ နိုင်ငံရေးကဏ္ဍနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါဝင်မှု နှုန်းထားများ မြင့်မားလာခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များကို စာတမ်း
တွင် အကျယ်တဝင့် ဆွေးနွေး တင်ပြထားသည် ကိုလည်း တွေ့ရသည်။

အမျိုးသမီးများ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့တွင် ပိုမို ပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ပဋိပက္ခ အလွန် ပြန်လည် တည်ဆောက်ရေးနှင့် အုပ်
ချုပ်ရေးများကို ပိုုမို တည်တံ့ခိုင်မြဲစေနိုင်သည်ဟု ဆိုသည်။

စာတမ်း၏နောက်ဆုံးအပိုင်းတွင်မူ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်း
မီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုချက်များ ဖော်ပြထားသည်။

Salween ပြည်သူ့ရေးရာ မူဝါဒ လေ့လာရေးအဖွဲ့သည် သုတေသနသုံးသပ်ချက်များ ပြုစုရေးသားထုတ်ဝေခြင်းနှင့် နိုင်ငံတဝန်းရှိ လူမှုအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များ
ကို မူဝါဒပိုင်းဆိုင်ရာများနှင့်ပတ်သက်သည့် စွမ်းရည်မြှင့်တင်ပေးခြင်း တို့ဖြင့် ပြည်သူ့ ရေးရာမူဝါဒများ ရေးဆွဲချမှတ်ခြင်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထား
သည့် အဖွဲ့အစည်း ဖြစ်သည်။

အမျိုးသမီးများ စွမ်းရည်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမ တန်းတူရေး၊ လူမှုကဏ္ဍ အသီးသီးနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများပါဝင်လာရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ကို ၁၉၉၉ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ အစည်းပေါင်း
၁၃ ဖွဲ့ ပါဝင်ကြောင်း သိရသည်