မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာမည့် ဂျပန်

...

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာမည့် ဂျပန်

The Myanmar Times, 02 Jan 2018

URL: https://www.mmtimes.com/news/japan-will-be-more-active-peace-process.html
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နှစ်ပေါင်းများစွာ ကန့်လန့်ကာနောက် ကွယ်မှသာ နေလေ့ရှိခဲ့သည့် ဂျပန်နိုင်ငံသည် သံတမန် ရေး အားထုတ်မှုများ အရှိန်တိုးမြှင့်ကာ ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာတော့မည် ဖြစ် သည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အလှမ်းမဝေးစေရေးအတွက် ပါဝင်သက်ဆိုင်သူအားလုံးအကြား ယုံကြည်စိတ်ချရမှုများ တည်ဆောက် ရန် ဂျပန်နိုင်ငံသည် နှစ်ဆကြိုးပမ်းအားထုတ်သွားမည်ဟု
မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဟိုဟေးဆာစာကာ ဝါက ပြောသည်။

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ် လျက် မစ္စတာဆာစာကာဝါသည် ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း မြန်မာနိုင် ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို သွားရောက်တွေ့ဆုံခဲ့ သည်။ မစ္စတာဆာစာကာဝါသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားနေ သည့်ဒေသအပါအဝင် နေရာဒေသအနှံ့အပြား၌ အကူအညီများပေးလျက် ရှိသော နီပွန်ဖောင်ဒေးရှင်း၏ အကြီး အကဲလည်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်မှ စတင်၍ နီပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း ဒေါ်လာ ၂၁ သန်း တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခဲ့ပြီး ဒုက္ခသည် တစ်သန်းနီးပါး ကို ထောက်ပံ့နိုင်ခဲ့ပြီးဖြစ် သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) တွင် နောက်ထပ်အဖွဲ့ဝင်သစ်များ လက်မှတ်ရေးထိုးလာလိမ့် မည်ဟု ဂျပန်ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်က ယူဆသည်။ လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း မစ္စတာဆာစာကာဝါသည် မြန်မာအစိုးရအရာရှိများ၊ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များပါဝင်သည့် လေ့လာရေးအဖွဲ့များကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ကာ ဂျပန် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ
မှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံစေ၍ ပဋိပက္ခစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အယူအဆအမျိုးမျိုး ကို လေ့လာနိုင်ရန် စီစဉ်ပေးခဲ့သည်။