ကျောင်းချိန်ကရင်စာသင်ကြားရေးတွင် အခက်အခဲများကြုံနေရဆဲဟု ပြည်နယ်စာ/ယဉ် ဥက္ကဌပြောကြား

...

ကျောင်းချိန်ကရင်စာသင်ကြားရေးတွင် အခက်အခဲများကြုံနေရဆဲဟု ပြည်နယ်စာ/ယဉ် ဥက္ကဌပြောကြား

Burma News International, 02 Oct 2017

URL: http://www.bnionline.net/news/karen-state/item/3518-shortage-of-textbooks-teachers-and-political-will-stymie-karen-literature-classes.html
ကရင်ပြည်နုယ်ရှိ အစိုးရ စာသင်ကျောင်းများ၌ ကျောင်းချိန် ကရင်စာပေသင်ကြားရေးတွင် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကရင်ပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှု
ဥက္ကဌစောအေးမြက စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

လူမျိုးစုံရောနှောနေသော စာသင်ကျောင်းများတွင်လည်း ကရင်စာပေသင်ကြားရန် အခက်အခဲရှိနေပြီး မြို့ပေါ်နေကရင်မိဘအချို့က ၎င်းတို့၏ကလေးများအား ကရင်စာနှင့်စ
ကားသင်ကြားပြောဆိုရန် တွန်းအားပေးမှုအားနည်းနေကြောင်း စာ /ယဉ် ဥက္ကဌ စောအေးမြမှ ဆက်ပြောသည်။

ကရင်ပြည်နယ် အစိုးရစာသင်ကျောင်းများတွင် မူလတန်းအောက်အဆင့်ဖြစ်သည့် Grade-1, 2, 3 အထိသာ အစိုးရမှ တရားဝင်သင်ခွင့်ပြုထားပြီး မြို့ပေါ်စာသင်ကျောင်းများတွင် သင်ကြားနိုင်ခြင်းမရှိသေးကြောင်း ကရင် စာ /ယဉ် တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားရေးရာဝန်ကြီးများရှိနေခြင်း၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က စာပေတိုးတက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသကဲ့သို့ မိမိတို့ ပညာရေးဌာန
အနေဖြင့်လည်း တိုင်းရင်းသားစာပေသင်ကြားမှုများကို အားပေးကြောင်းနှင့် မြို့ပေါ်ကျောင်းများတွင် တိုင်းရင်းသားလူမျိုးကလေးများရောနှောနေခြင်းကြောင့် တိုင်းရင်းသားစာ
ပေကို မသင်ကြားနိုင်သေးကြောင်း ပညာရေးမှူးဦးစိုးမြင့်ကပြောသည်။

လက်ရှိထောက်ပံ့ကြေးတစ်လ ၃သောင်းရရှိနေသော တိုင်းရင်းသားစာပေသင်ဆရာ / ဆရာမများသည် နေ့စားလပေးဝန်ထမ်းများအဖြစ်ဆန္ဒပြုလွှာများကို ၂၀၁၇ ခုနှစ်၊ အောက်
တိုဘာလ၂၀ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။