ခရီးသွားလာရေး ဝန်ကြီးဌာနမှ မြိတ်ကျွန်းစုအား မျက်စိကျ

...

ခရီးသွားလာရေး ဝန်ကြီးဌာနမှ မြိတ်ကျွန်းစုအား မျက်စိကျ

Myanmar Times, 03 Oct 2016

URL: http://www.mmtimes.com/index.php/national-news/22853-tourism-ministry-eyes-myeik-archipelago.html
မြိတ်ကျွန်းစုသည် ဇိမ်ခံ အပျော်ရေလမ်း ခရီးသွားများအတွက် မကြာမီတွင် ရွေးချယ်စရာ နေရာတစ်ခု ဖြစ်လာနိုင်
မည် ဖြစ်သည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဒေသခံ ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ထိုဒေသတွင်း
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်နေသည်ဟု ထိုဝန်ကြီးဌာနမှ ဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့
သည်။

ထိုင်းရင်းနှီးမြှုပ်နှံသူများသည် မြိတ်ကျွန်းစု၌ ခရီးသွားလုပ်ငန်း တိုးတက်လာနေသည်ကို စိတ်ဝင်စားလျှက်ရှိပြီး ၎င်း
တို့အား ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့သည် ဦးစွာပြည်တွင်း ရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူညီမှု ယူမည်ဟု
ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့၏ မြိတ်ကျွန်းစုတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ကမ်းလှမ်းမှုများ
ကို လက်ခံရရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် ခြောက်သွေ့သော ရာသီ၌သာ မြိတ်ကျွန်းစုသို့ အပျော်ရေ
လမ်းခရီးသွားလုပ်ငန်းများ သွားရောက်နိုင်သည်ဟု ပြောကြားသည်။ ကျွန်းများပေါ်၌ စီမံကိန်းလုပ်ငန်းများ ပြုလုပ်
လျှင် နောက်ထပ် ဖွံ့ဖြိုးမှုများ ရှိလိမ့်မည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

မြိတ်ကျွန်းစု၌ အပျော်စီး ရေလမ်းခရီးသွားလုပ်ငန်း စတင်ရန် ၎င်းတို့မှ ဆုံးဖြတ်ခဲ့ကြသော်လည်း လူအများအားကျွန်း
များပေါ်၌ ရွက်ဖျင်တဲများထိုး၍ ညအိပ်ရန် ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း တနင်္သာရီတိုင်း
ဒေသကြီးအစိုးရနှင့် ကျွန်းများပေါ်ရှိ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ အခြေအနေများ
ကို ကြည့်မည်ဟုလည်း ဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့သည်။

ခရီးသွားလာရေး လုပ်ငန်းအရာရှိများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအား အထက်၊ အောက်
သဘာဝ အရင်းအမြစ်များကို အသုံးချခြင်းအကြောင်းကို ဒေသဆိုင်ရာ အရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဒေသခံများသည် ခရီးသွားလုပ်
ငန်းမှ ဝင်ငွေများရရှိရန် ၎င်းတို့ သေချာအောင် လုပ်ဆောင်ချင်ကြောင်း ပြောကြားခဲ့သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်သည် မြိတ်ကျွန်းစု ဖွံ့ဖြိုးမှုတွင် ဒေသခံ ရင်းနှီးမြှုပ်နှံသူများ အခွင့်အရေး
ရသင့်သည်ကို သဘောတူပြီး ဝန်ကြီးချုပ်မှ ဒေသတွင်း ခရီးသွားလုပ်ငန်းကို နှောင့်နှေးစေသော မလိုအပ်သည့်စည်း
မျဉ်း၊ စည်းကမ်းများကို ခရီးသွားဝန်ကြီးဌာန ၊တခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပြန်လည်သုံးသပ်မည်ဟု ပြော
ကြားခဲ့သည်။

ထိုင်းနိုင်ငံ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Kobkarn Wattanavrangkul သည် ယခုနှစ်အစောပိုင်းတွင်မြန်
မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလည်ပတ်လျှက်ရှိသော ကမ်းခြေတ
ချို့အား ထင်ဟပ်စေသည့် မပျက်စီးသေးသော ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံတွင်ဆွေး
နွေးခဲ့သည်။