ကျေးလက်နေ ပြည်သူများ ကျန်းမာရေးဆိုင်ရာ တိုးတက်မှုများ ရရှိစေရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုစင်တာ အလုံး(၅၀၀၀)တည်ဆောက်မည်

...

ကျေးလက်နေ ပြည်သူများ ကျန်းမာရေးဆိုင်ရာ တိုးတက်မှုများ ရရှိစေရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုစင်တာ အလုံး(၅၀၀၀)တည်ဆောက်မည်

The Global New Light of Myanmar, 14 Oct 2016

URL: https://issuu.com/myanmarnewspaper/docs/14_oct_16_gnlm
ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် DOCTOR on Call ကုမ္ပဏီသည် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် သတင်းအချက်အလက်များဖြန့်ဖြူးပေးရန်ရည်ရွယ်၍ ၂၀၁၈ ခုနှစ်မတိုင်မီ တနိုင်ငံလုံးအနှံ ကျန်းမာရေး ဝန်ဆောင်မှုစင်တာ
အလုံး(၅၀၀၀)နှင့်အထက် တည်ဆောက်မည်ဖြစ်သည် ဟု ၎င်းတို့ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

“ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအတွက် ဒီစင်တာဖွင့်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျေးလက်ဒေသမှာ နေထိုင်
တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး တိုးတက်လာစေဖို့နဲ့ ကောင်းစွာ နေထိုင်နိုင်ဖို့အတွက်ဖြစ်ပါတယ်”ဟု Doctor on Call Co
ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောခဲ့သည်။

ဤစင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထွေထွေဗဟုသုတများကို ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ဆေးကုသမှု ခံယူနေသူများ
အတွက် လက်ရှိနောက်ဆုံးဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို လိုချင်နေသူများအား ၎င်းတို့ရောဂါများနှင့်ပတ်
သတ်၍ သက်ဆိုင်ရာသမားတော်များဆီသို့ တိုက်ရိုက်ဆက်သွယ်နိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာလကတည်းကပင် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီသည် ရန်ကုန်တွင် ကျန်းမာရေးစင်တာအလုံး
(၅၀)ဖွင့်လှစ်ထားပြီဖြစ်သည်။ ကျေးလက်နေ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးခြင်းနှင့်ကျန်း
မာရေးနှင့် ဆက်နွယ်နေသည့် အသိပညာများကိုမြှင့်တင်ပေးခြင်းအားဖြင့် စီမံကိန်းသည် နိုင်ငံ၏ကျန်းမာရေးဆိုင်ရာအခြေအ
နေများကို မြှင့်တင်ပေးမည်ဖြစ်သည် ဟု မြန်မာ့ဆေးပညာအသင်းမှ အသင်းဝင် ဒေါက်တာနေဝင်းကပြောခဲ့သည်။

ထို့ပြင် လူထုမှ အရေးပေါ်ကျန်းမာရေး အခြေအနေများအတွက် အရေးပေါ်ဖုန်းနံပါတ် ၁၈၇၇ သို့လည်း ခေါ်ဆိုနိုင်ကြောင်း
ဦးထွန်းထွန်းနိုင်ကပြောခဲ့သည်။