ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်း ဘုန်းတော်ကြီးကျောင်းပေါင်း (၁၂၀)တွင် အကောင်အထည်ဖော်မည်

...

ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်း ဘုန်းတော်ကြီးကျောင်းပေါင်း (၁၂၀)တွင် အကောင်အထည်ဖော်မည်

Myanmar Times, 03 May 2017

URL: http://www.mmtimes.com/index.php/national-news/yangon/25828-learning-access-through-digital-education-project-implemented.html
ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်းကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၂၀ တွင် ယခုနှစ်မှ စတင်ပြီး သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌဆရာတော်ဦးနာယက ကမိန့်သည်။

အဆိုပါစီမံကိန်းကို ၂၀၁၇-၁၉ သုံးနှစ် စီမံကိန်းအဖြစ် တစ်နှစ်လျှင် ကျောင်းပေါင်း ၄၀ နှုန်းတွင် ချိတ်ဆက်သင်ကြားနိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဘုန်းတော်ကြီး
သင်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် တယ်လီနောမြန်မာလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

'' စတူဒီယိုခန်းနဲ့ချိတ်ဆက်ထားတဲ့ ကျောင်းတွေကို တိုက်ရိုက်စာသင်လို့ရမှာဖြစ်တယ်။ မေးချင်တာတွေကလည်း အွန်လိုင်းကနေတဆင့် မေးလို့ရမှာ ဖြစ်သလို ပြန်လည်းဖြေပေး
နိုင်မယ့် သင်ကြားနည်းစနစ်ဖြစ်တယ် ” ဟု ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်းနှင့်ပတ်သတ်ပြီး ဆရာတော်ဦးနာယက ကမိန့်သည်။

သင်ခန်းစာများကို အင်တာနက်ကွန်ရက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သင်ကြားမည်ဖြစ်ပြီး သင်ခန်းစာများ ထုတ်လွှင့်သင်ကြားမည့် စတူဒီယိုခန်းကို မန္တလေးတိုင်း ဒေသကြီးရှိ ဖော်တော်
ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ အစိုးရသင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားပေးမည်ဖြစ်ပြီး သင်ခန်းစာများကို တစ်နေ့လျှင် နှစ်နာ
ရီနှုန်းဖြင့် တစ်ပတ်လျှင် ခြောက်ရက်သင်ကြားမည်ဖြစ်ကြောင်း ၊ ကျောင်းသားများအနေဖြင့် အခြေခံပညာသင်ရိုးများ ပြီးမြောက်သည်အထိ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် စတူဒီယိုခန်းအတွင်းမှတဆင့် သင်ကြားပေးမည့်ဆရာ၊ ဆရာမလေးဦးနှင့် မန်နေဂျာလေးဦးရှိပြီး အဆိုပါစီမံကိန်း၏ အကောင်အထည်ဖော်မှုမှတဆင့် ယခုနှစ်မကုန်မီ
ကာလအတွင်း ကလေးငယ်ပေါင်း ၁၀၀၀ ကို အကျိုးရလဒ်ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုအတွက် ပစ္စည်းခတွေကုန်ပေမယ့် အားသာချက်က လူအများကြီးကို တချိန်တည်းမှာ စာသင်ကြားပေးနိုင်မယ်” ဟု ဆရာတော်ဦးနာယက က မိန့်ကြားသည်။

အဆိုပါစီမံကိန်းအတွက် ရှေ့ပြေးအစီအစဉ်ကို ဘုန်းတော်ကြီးသင် ကျောင်း ၅ကျောင်းတွင် လွန်ခဲ့သည့် ၅ လကတည်းက စမ်းသပ်လုပ်ဆောင်လျှက်ရှိပြီး ယခုနှစ် သြဂုတ်လတွင်
ကျောင်းပေါင်း(၂၀)အထိ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင် ၊ မွန် ၊ ကချင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ ၊ တန်ကုန် ၊ မန္တလေး ၊ မကွေး ၊ စစ်ကိုင်း ၊ ဧရာဝတီ
တိုင်းဒေသကြီး စသည်တို့ရှိ ဘုန်းတော်ကြီးသင်ကျောင်းပေါင်း ၄၀ အထိ တိုးချဲ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီစီမံကိန်းဟာ ကလေးတွေရဲ့ အနာဂတ်နဲ့ သူတို့ရဲ့ လူမှုဘဝအခြေအနေတွေကို ပြောင်းလဲသွားအောင် ဆက်သွယ်ရေးကောင်းမွန်မှုအပေါ် အကျိုးရှိစွာ အသုံးချခြင်းဖြစ်တယ်” ဟု
တယ်လီနောမြန်မာမှ ဦးမင်းသူက ပြောသည်။