မွန်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့ MoU လက်မှတ်ရေးထိုး

...

မွန်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့ MoU လက်မှတ်ရေးထိုး

Mon News Agency, 14 Mar 2017

URL: http://monnews.org/2017/03/14/mon-state-extends-initial-approval-to-seaport-industrial-zone-projects/
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ အနင်းကျေးရွာတစ်ဝိုက်တွင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Bedok Construction and Engineering Co., Ltd တို့အကြား
၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပါဝင်မည့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၊ စက်မှုဇုန်ဆောက်လုပ်သွားမည်ဖြစ်ပြီး ဒေသတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်သည့်အတွက်
ကုမ္ပဏီနှင့် ပဏာမ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် နှင့် စည်ပင်ဝန်ကြီးဌာန ဝန်ကြီးဦးမင်းထင်ဟန်က ပြောခဲ့သည်။

ဦးမင်းထင်ဟန်က " မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပဏာမနားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးတာပဲလေ၊ ကျန်တာကျတော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူး၊ လျှပ်စစ် ၅၆၀
မီဂ္ဂါဝပ်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအကုန်လုံးကို ပြည်ထောင်စုနဲ့ဆိုင်တယ်။ ပြည်နယ်စိုးရအနေနဲ့ ကန့်ကွက်မှုမရှိတဲ့အတွက် သဘောတူတယ်၊ နားလည်မှုစာချွန်လွှာ အသေးစားပေါ့ " ဟု ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့လက်မှတ်ရေးထိုးသဘောတူထားသည့် နားလည်မှုစာချွန်လွှာကို ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုအစိုးရသို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ရရှိပြီးမှသာလျှင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်တွင် Bedok Construction and Engineering Co., Ltd ကုမ္ပဏီအနေဖြင့် အနင်းရွာပတ်ဝန်းကျင်တွင် စီမံကိန်းအတွက် မြေနေရာများ လိုက်ပါဝယ်ယူနေပြီး သံဖြူဇရပ်မြို့နယ်နှင့် ရေး
မြို့နယ်စပ်ကြားရှိ အနင်းကျေးရွာ၊ သပြေရွာသစ်နှင့် ပလိုင်မှူးရွာဘက်တွင် မြေဧက ၇၀၀ ကျော်ဝယ်ယူထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။