မြန်မာလမ်းစီမံကိန်းအတွက် ထိုင်းက ဘတ်ငွေ ၁.၈ ဘီလျံလျာထား

...

မြန်မာလမ်းစီမံကိန်းအတွက် ထိုင်းက ဘတ်ငွေ ၁.၈ ဘီလျံလျာထား

The Irrawaddy, 02 Feb 2017

URL: http://www.bangkokpost.com/news/general/1191049/
ထိုင်းအစိုးရသည် မြန်မာနိုင်ငံဘက်ရှိ နှစ်နိုင်ငံဆက်သွယ်သောလမ်းကို အကူအညီပေးရန်အတွက် ဘတ်ငွေ ၁.၈ ဘီလီယမ် ( အမေရိကန်ဒေါ်လာ ၅.၃သန်း) ဘဏ္ဍာငွေ ခွဲဝေချထားပေးပြီး ရန်ကုန် မဲဆောက်ကုန်သွယ်ရေး
အချိတ်အဆက် အဆင့်မြှင့် တင်ရေးတွက် အရှိန်မြှင့်လုပ်ဆောင်လိုက်သည်။

သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန်အတွက် မြန်မာ နိုင်ငံ တောင်ပိုင်း အိန္ဒုနှင့် သထုံကြားရှိ ၆၈ ကီလို မီတာ ရှည်လျားသောလမ်းပိုင်းကို ပြုပြင်မည့် စီမံကိန်းအား အစိုးရက ထောက်ခံသည်ဟု ထိုင်းသယ်ယူပို့ဆောင်
ရေး ဝန်ကြီး အာခွန်တမ်ပစ်တာရာပိုင်ဆစ်က ယမန်နေ့တွင် ပြောပြခဲ့သည်။

ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ကားလမ်းကို လည်း ချဲ့ထွင်မည်ဟု ၎င်းက ပြောသည်။ ပြီးစီးသွားပါက ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေ
ချောမွေ့ စေ မည်ဖြစ်သည်ဟုလည်း သူက ပြောသည်။

မဲဆောက်သည် မြန်မာနိုင်ငံအနီး ထိုင်းနိုင်ငံ အနောက်ပိုင်း တက်ခရိုင်မှ ဝေးလံသောဒေသတခုဖြစ်ပြီး ထိုဒေသသည် ထိုင်းအစိုးရက SEZ ခေါ် အထူး စီးပွားရေးဇုန်များ တည် ထောင်ကာ ဖွံ့ဖြိုးအောင် လုပ်ဆောင်လိုသော
နယ်စပ်ဒေသ ၁၀ ခုတွင် ပါဝင်သည်။

ထိုဒေသများတွင် စက်မှုဇုန်များထူထောင်ပြီး ရင်းနှီးမြှုပ်နှံ မှုနှင့် အလုပ်အကိုင်ဖော်ထုတ်ရန် နှင့် အိမ်နီးချင်းနိုင်ငံများသို့ ကုန်စည်တင်ပို့ရန် အာဏာပိုင်များက ရည်ရွယ်ထားသည်။

မဲဆောက်သည် အဓိကနယ်စပ်ဒေသဖြစ်ပြီး ရန်ကုန်သည် တနိုင်ငံလုံးသို့ ကုန်စည်ဖြန့်ချီရာ မြန်မာနိုင်ငံ၏ အဓိက စီးပွား ရေး အချက်အချာဖြစ်သည်ဟု Arkhom ကပြောပြီး နှစ်မြို့ကြား သယ်ယူပို့ဆောင်ရေး မြှင့်တင်ရန် လို
ကြောင်း အလေးအ နက် ပြောကြားခဲ့သည်။

ရန်ကုန်မဲဆောက်ကုန်သွယ်ရေး အချိတ်အဆက်မှာ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပါက မြန်မာနိုင်ငံမှတဆင့် အိန္ဒိယ၊ ဗီယက် နမ်၊ ထိုင်း၊ လာအိုတို့အထိ ကျယ်ပြန့်သော ရည်မှန်းချက်ကြီးမားလှသည့် အရှေ့အနောက် စီးပွားရေးစင်္ကြန်
East-West Economic Corridor (EWEC) စီမံကိန်းအစိတ်အပိုင်းလည်းဖြစ်သည်ဟု သူကပြောသည်။

ရန်ကုန်နှင့် မဲဆောက်အကြား အခြားလမ်းပိုင်းများကို အဆင့်မြှင့်တင်ပြီး သို့မဟုတ် အဆင့်မြှင့်တင်နေဆဲဖြစ်သည်။ ထို လမ်းပိုင်းများတွင် မြဝတီလမ်းပိုင်းလည်းပါဝင်ပြီး ယခင်နှစ်က ဘတ်ငွေ ၁.၃ဘီလီယံ ဘဏ္ဍာငွေခွဲဝေမှုဖြင့်
အဆင့်မြှင့်တင် ခဲ့ပြီးဖြစ်သည်။

ကော့ကရိတ်နှင့် အိန္ဒုအကြား ၆၇ ကီလိုမီတာရှည်သောလမ်းပိုင်းအဆင့်မြှင့်တင်ရေးမှာလည်း မြန်မာနိုင်ငံက အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေရယူပြီးနောက် အရှိန်အဟုန်ရနေပြီဖြစ်သည်ဟု ထိုဝန်ကြီး၏အဆိုအရ သိရသည်။

ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် လာမည့် ၂ ရက်တွင် မြန်မာနိုင် ငံသို့ သွားရောက်မည်ဟုလည်း Arkhom က ပြောသည်။

အခြေခံအဆောက်အအုံအပြင် ထိုင်းအစိုးရသည် မြန်မာနှင့်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးစာချုပ် အရ နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေး ထိုးရေးအတွက် ပြင်ဆင်ရန်လည်း သဘောတူထားသည်။
ထိုနားလည်မှု စာချွန်လွှာကို ဒီဇင်ဘာလတွင် လက်မှတ်ထိုးမည်ဟု မျှော်လင့်ရသည်။