ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ နှုတ်အားဖြင့် သဘောတူညီမှုရရှိ

...

ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ နှုတ်အားဖြင့် သဘောတူညီမှုရရှိ

The Irrawaddy, 26 Jan 2017

URL: http://www.irrawaddy.com/news/burma/karen-and-mon-armed-groups-strike-a-deal-for-peace.html
ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီသည် နယ်မြေအငြင်းပွားမှုနှင့်ပတ်သတ်၍ ၎င်းတို့မှ ဖြေရှင်းရန်လုပ်ဆောင်နေစဉ်တွင် တိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့စလုံးမှ ငြိမ်းငြိမ်းချမ်းချမ်းရှိကြရန်
ဗုဒ္ဓဟူးနေ့တွင် သဘောတူညီမှု ရရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့ သ​ဘောတူညီမှုအရ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် မွန်ပြည်သစ်ပါတီ(NMSP)သည် တိုက်ပွဲရပ်ရန် ကတိပြုခဲ့ကြပြီး နောက်ထပ်ရှေ့ဆက် ညှိနှိုင်းမှုများပြု
လုပ်မည်ဖြစ်သည်။

“ နှစ်ဖက်စလုံးက တိုက်ပွဲရပ်ဖို့ သဘောတူညီခဲ့ကြတယ်၊ ဒါက ဦးဆုံးအကြိမ်သဘောတူညီမှုပါ” ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KNU မှ အရာရှိပဒိုဝင်းခိုင်ကပြောခဲ့သည်။
“ဒေသတွင်း ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုဖို့လည်း ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ နယ်မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သတ်ပြီး နှစ်ဖက်စလုံးမှာရှိတဲ့ ကျေးရွာသူ
ကြီးတွေက အစိုးရနဲ့ အတူတကွဆောင်ရွက်ကြဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။”

အစိုးရတာဝန်ရှိသူများကို ပဋိပက္ခဖြစ်ပွားရာနေရာဒေသသို့ လာရောက်ရန်နှင့် နောင်တွင်အငြင်းပွားမှုဖြစ်ပွားလာပါက ဖျန်ဖြေပေးရန်အတွက် KNU နှင့် NMSP က ဖိတ်ကြားသွား
မည်ဖြစ်သည်။ နောင်လာမည့်အနာဂတ်တွင်အစိုးရ၏ပါဝင်မှုသည် တိုင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအရှိန်ကို လျော့သွားစေရန်အကူအညီရရှိမည်
ဟု ပဒိုဝင်းခိုင်က ပြောခဲ့သည်။

လယ်ယာမြေတစ်ခုတည်းပေါ်တွင် အတူတူစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ပြီး တဖက်နှင့်တဖက်နီးကပ်စွာ အတူတကွနေထိုင်ကြသည့် ကရင်နှင့် မွန်ရွာသားများအတွင်း မကြာသေးမီ
က ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။နှစ်ဖက်အတွင်းတင်းမာမှုများ မြင့်တက်လာပြီး စစ်ရေးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောပြခဲ့သည်။

“ ပြဿနာအများစုက ဒီမြေယာအချို့ကို အပိုင်းပိုင်းသိမ်းတာကနေစကြတာပဲ ”ဟု ပဒိုဝင်းခိုင်ကပြောခဲ့သည်။ “အခြားရွာကပိုင်တဲ့မြေပေါ်မှာ တစ်ဦးဦးက အခြေချနေထိုင်တာတွေ
ပဲ၊ သူတို့အနေနဲ့ကြည့်မယ်ဆိုင်ရင် စိတ်မချမ်းမသာဖြစ်မှာပဲလေ။”

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ကျင်းပသည့် ပူးတွဲအစည်းအဝေးသို့ KNU မှ ကိုယ်စားလှယ် ၇ ဦးနှင့် NMSP အဖွဲ့ဝင် ၆ ဦးတက်ရောက်ခဲ့ကြသည်။ နှစ်ဖက်စလုံးမှ ပါတီခေါင်း
ဆောင်များသည် ပဋိပက္ခအကြောင်းကို တနင်္သာရီဒေသကြီးအာဏာပိုင်များရှေ့မှောက်မှာပင် ဆွေးနွေးခဲ့သည် ဟု NMSP အရာရှိနိုင်ထောရော့က ပြောခဲ့သည်။

မွန်နှင့် ကရင်လက်နက်ကိုင်အဖွဲ့သည် နိုဝင်ဘာလကတည်းကပင် တိုက်ပွဲအနည်းဆုံး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။