NLD မှ စွမ်းဆောင်ရည်လေ့လာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း

...

NLD မှ စွမ်းဆောင်ရည်လေ့လာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း

The Irrawaddy, 19 Jan 2017

URL: http://www.irrawaddy.com/news/nld-forms-performance-assessment-group.html
အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည်များကို လေ့လာစိစစ်မည့် အဖွဲ့တခုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်း
လိုက်ပြီး ယင်းအဖွဲ့က လူတဦးချင်းစီ၏ စွမ်းဆောင်ရည်များကို စိစစ် အကဲဖြတ်သွားမည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

“လွှတ်တော်မှာ ရှိတဲ့သူတွေရဲ့ အရည်အချင်း ဘယ်လောက် လိုတယ်။ ဘယ်လောက်ရှိတယ်။ သူတို့ လိုအပ်တဲ့ Capacity ကို ဖြည့်တင်းပေးဖို့ မြင့်နိုင်သမျှ မြင့်အောင် ဆောင်ရွက်ဖို့ ဒါ လွန်ခဲ့တဲ့ CEC အစည်းအဝေး
က ဆုံးဖြတ်ခဲ့တာ” ဟု ဦးဝင်းထိန်က ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာထဲတွင် သတင်းထောက်များကို ပြောသည်။

ယခု စိစစ်မည့်အဖွဲ့ကို ဦးဆောင်မည့်သူမှာ ဦးဝင်းထိန်ပင် ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ မျိုးညွန့်၊ ဦးတင်ထွဋ်ဦးနှင့် ဒေါ်လဲ့လဲ့တို့ ပါဝင်
ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဖွဲ့ဖွဲ့စည်းခြင်းကို ယခုလအစောပိုင်းတွင် ကျင်းပသည့် ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟု ကြာသာပတေးနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်အရ သိရှိရသည်။ မွန်ပြည်နယ်
ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းမှ လွှတ်တော်ပြောရေးဆိုခွင့်ရှိသူတို့အား စီးပွားရေးလုပ်ငန်းခေါ်ယူမှုများတွင် ဆွေးမျိုးသားချင်းများအား အခွင့်အရေးပေးခြင်းကိစ္စအတွက် စုံစမ်းစစ်ဆေးခြင်းခံနေသည့် အချိန်တွင် ဖွဲ့စည်း
ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့်နှင့်တိုင်းဒေသကြီးအဆင့် နှစ်ရပ်စလုံးရှိ တာဝန်ရှိသူများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဦးဝင်းထိန်က မီဒီယာများကို ကြာသာပတေးနေ့တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

စွမ်းဆောင်ရည်ကောင်းမွန်သောသူများအနေဖြင့် ကိစ္စမရှိကြောင်း သို့သော် စွမ်းဆောင်ရည်မကောင်းဟု ယူဆခံရသူများအား သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံဆီသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့
သည်။

“ဒါကတော့ တွေ့တာကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တင်ပြမယ်၊ သူတို့ ဆုံးဖြတ်မယ်။ တွေ့ရှိချက်ကို တင်ပြမယ်။ ဘယ်လို အရေးယူသင့်တယ် ဆိုတာလည်း အကြံပြုရမှာပေါ့” ဟု ဦးဝင်းထိန်က
ပြောသည်။