ပင်စင်အစိုးရဝန်ထမ်းများ တန်ဖိုးနည်းအိမ်ရာရရှိနိုင်မည်

...

ပင်စင်အစိုးရဝန်ထမ်းများ တန်ဖိုးနည်းအိမ်ရာရရှိနိုင်မည်

Myanmar Times, 13 Jan 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/24546-retired-civil-servants-to-get-new-low-cost-housing.html
ပင်စင်စားအစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများကို နေပြည်တော်တွင် ချထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ရှေ့ပြေးတန်ဖိုးနည်းအိမ်ရာစီမံကိန်းဆောက်လုပ်ခြင်းအား မတ်လတွင် အပြီးသတ်မည်ဖြစ်သည်။၅ထပ်တိုက်အဆောက်အဦးနှစ်လုံးကို ဥတ္တရသီရိ
မြို့နယ်တွင် ဆောက်လုပ်နေပြီဖြစ်ပြီး တစ်လုံးစီတွင် အခန်း(၄၀)ပါဝင်မည်ဖြစ်ပြီး တစ်ခန်းလျှင် ငွေကျပ်(၁၀)သိန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ဒုတိယဦးစားပေးရောင်းချပေးမည့်သူများမှာ ဝင်ငွေနည်းပါးသည့် လျှောက်ထားသူများကိုဖြစ်သည်။

“ အစိုးရဝန်ထမ်းပင်စင်သမားများကို အရင်ဦးစားပေးပါမယ်။ မြို့တော်မှာရှိတဲ့ အစိုးရဝန်ထမ်းအများအပြားက နိုင်ငံတော်ပိုင်တဲ့ ဝန်ထမ်းအိမ်ရာတွေ
မှာနေပါတယ်၊ သူတို့ပင်စင်သွားရင် အခန်းကနေထွက်ပေးရပါတယ် ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနောင်က
ပြောခဲ့သည်။

လေးထပ်ကွန်ကရစ်ခင်းအဆောက်အဦးတွင် အိပ်ခန်းတစ်ခန်းပါရှိသည့်တစ်ခန်းလျှင် ကျပ်(၁၀)သိန်းဖြင့်ရောင်းချပေးမည်ဖြစ်ပြီး အိပ်ခန်း၂ ခန်းပါ
သည့်အခန်းလျှင် ငွေကျပ်သိန်း ၂၀ဖြင့်ရောင်းချပေးမည်ဖြစ်ကာ အိပ်ခန်း ၃ ခန်းပါရှိသည့် အခန်းအား ငွေကျပ်သိန်း ၃၀ ဖြင့်ရောင်းချပေးသွားမည်
ဖြစ်သည်။

အခန်းဝယ်ယူမည့်သူသည် ဆောက်လုပ်ရေးနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် ဘဏ်စာရင်းဖွင့်ရမည်ဖြစ်သည်။ ထိုဘဏ်တွင် ပေးချေရမည့်
ငွေ၏ ၃၀ရာခိုင်နှုန်းသွင်းပြီးသောအခါအခန်းသို့ ရွှေ့ပြောင်းနေထိုင်ခွင့်ပေးမည်ဖြစ်သည်။ အခန်းပိုင်ဆိုင်မှုတရားဝင်စာရွက်စာတမ်းကို ငွေအားလုံးပေး
ချေပြီးမှသာ ထုတ်ပေးမည်ဖြစ်သည်။

“ မိသားစုတစ်စုမှာဆိုရင် ပျမ်းမျှအားဖြင့် လစဉ်ဝင်ငွေ ၃ သိန်းကနေ ၅ သိန်းအတွင်းရှိပါတယ်၊ သူတို့ ၁၀သိန်းစုရုံနဲ့ အခန်းပိုင်ဆိုင်နိုင်မှာပါ” ဟု ဦးဝင်း​
နိုင်က ဆိုသည်။