မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုရရှိရန် လွှတ်တော်အမတ်များ တိုက်တွန်း

...

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုရရှိရန် လွှတ်တော်အမတ်များ တိုက်တွန်း

The Irrawaddy, 28 Sep 2016

URL: http://www.irrawaddy.com/burma/lawmakers-push-for-legal-protection-for-burmese-migrant-workers.html
ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လုပ်အား
အမြတ်ထုတ်ခံရခြင်းများနှင့် အကြမ်းဖက်ခံရမှုများကို ကာကွယ်ပေးရန်အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်
အစိုးရအား တိုက်တွန်းထားသည့် အဆိုပြုလွှာကို အင်္ဂါနေ့တွင် မြန်မာ့ အောက်လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

အဆိုပြုလွှာကို မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အ
မတ်ဖြစ်သူ ဦးကျော်အောင်လွင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်းမှ ယခင်အစိုးရသည် ပြည်ပနိုင်ငံများတွင်အ
လုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေများကို ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့
ကြောင်း၊ ထိုအလုပ်သမားများနှင့် ပတ်သတ်သည့် စည်းမျဉ်းဥပဒေများကို ပြဋ္ဌာန်းပေးရန်အတွက် ယခုပြည်သူ့
ရွေးကောက်ခံ အစိုးရအနေဖြင့် တာဝန်ရှိကြောင်း ၎င်းကပြောခဲ့သည်။

ရွှေ့ပြောင်းလုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ အလုပ်လက်မဲ့နှုန်း၊ လုပ်ခနှုန်း နှင့် ဆင်းရဲမွဲတေမှုနှုန်း
မြင့်တက်လာသောကြောင့်ဖြစ်သည်ဟု ၎င်းမှ ထပ်ပေါင်းပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဖက် အလုပ်သမား သ
ဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၏ ကုန်ကျစရိတ်သည် မြင့်မားလွန်း
သောကြောင့် တရားမဝင်လမ်းကြောင်း အများအပြားကို အသုံးပြုနေဆဲဖြစ်ပြီး ပွဲစားများနှင့် အလုပ်ရှင်များမှ
လုပ်ခ မတန်တဆ နှိမ်ကာ ငှားရမ်းနေမှုများရှိနေသည်။

Organization for Migration (IOM) ၏ တွေ့ရှိချက်အရ နိုင်ငံတကာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ
သည် (၉၀)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
ဌာနမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား(၄၇၀,၀၀၀)ရှိ ကြောင်းပြောခဲ့
သည်။ သို့သော်လည်း တရားဝင် သွားရောက် အလုပ် လုပ်ကိုင်သည့်သူများကိုသာ ရေတွက်ထားခြင်းဖြစ်ပြီး
ပြည်ပတွင် နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမား အမှန်တကယ် အရေအတွက် အတိအကျသည်သည်ဒီထက်
ပိုမိုများပြားသည်ဟု ဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်များအရ သိရှိရသည်။ IOM ၏ တွေ့ရှိချက်အရထိုင်း
နိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားစာရင်းသည် ၃ သန်းကျော်ရှိ
ကြောင်းသိရှိရသည်။

ဦးကျော်အောင်လွင်တင်သွင်းသည့် ယင်းအဆိုပြုချက်ကို လာမည့်ဗုဒ္ဓဟူးနေ့တွင်လွှတ်တော်အမတ်များမှာဆက်
လက် ဆွေးနွေးမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။