မွန်ပြည်နယ်ရှိဗုဒ္ဓတက္ကသိုလ်သစ်တွင်ဗုဒ္ဓဘာသာဒီပလိုမာဘွဲ့ပေးအပ်မည်

...

မွန်ပြည်နယ်ရှိဗုဒ္ဓတက္ကသိုလ်သစ်တွင်ဗုဒ္ဓဘာသာဒီပလိုမာဘွဲ့ပေးအပ်မည်

Burma News International, 22 Jul 2016

URL: http://www.bnionline.net/news/mon-state/item/2021-mon-state-s-new-university-offers-diploma-in-buddhism.html
မွန်ပြည်နယ်တွင်တက္ကသိုလ်အသစ်ဖြစ်သည့်ရာမညရဌဗုဒ္ဓဘာသာတက္ကသိုလ်တွင် Diploma in Buddhismဘွဲ့ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

မော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်တွင် ရာမညရဌဗုဒ္ဓဘာသာတက္ကသိုလ်၏Diploma in Buddhismတန်းကိုဇူလိုင်လ(၂၄)ရက်နေ့တွင်စတင်
ဖွင့်လှစ်မည်ဖြစ်သည်။

သံဃာတော်များနှင့်သီလရှင်များကိုဦးစားပေးသွားမည်ဖြစ်ပြီးအပြင်လူများကိုလည်းလက်ခံမည်ဖြစ်သည်။လျှောက်ထားသူများသည်သတ်မှတ်
ထားသည့်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရမည်ဖြစ်သော်လည်းမအောင်မြင်ပါက (၄)လ၊(၅)လခန့်အင်္ဂလိပ်စာသင်တန်းများဖြင့်သင်ကြားပေးသွားမည်
ဖြစ်သည်။

"ကျောင်းသားတွေဒီမှာ(၂)နှစ်တက်လို့အောင်မြင်သွားရင်ဦးဇင်းတို့ဒီပလိုမာဘွဲ့ပေးမှာပါ။နောင်နှစ်နှစ်ဆိုရင်ဦးဇင်းတို့ဆီမှာသင်ကြားပေးမယ့်ဆ
ရာတော်တွေအလုံအလောက်ရောက်လာမယ်ဆိုရင်တော့BAအတန်းကိုဆက်ပြီးသင်ကြားပေးသွားမှာပါ။တကယ်လို့ကျောင်းသားတွေကထိုင်းနိုင်
ငံမှာတက်ချင်တယ်ဆိုရင်လည်းထိုင်းနိုင်ငံကတက္ကသိုလ်သုံးခုနဲ့ဆက်သွယ်ထားပြီးပါပြီ။ဟိုဘက်ကလည်းဦးဇင်းတို့ဆီကကျောင်းသားအသစ်တွေ
ကိုကြိုဆိုပါတယ် ဟု ရာမညရဌဗုဒ္ဓတက္ကသိုက်မှအရှင်ခေမာသာရကမိန့်ကြားခဲ့သည်။