ကျောင်းတက်ချိန် ကရင်ဝတ်စုံဝတ်ဆင်သည့်နေ့ အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် ကျောင်းတာဝန်ရှိသူများလိုလား

...

ကျောင်းတက်ချိန် ကရင်ဝတ်စုံဝတ်ဆင်သည့်နေ့ အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် ကျောင်းတာဝန်ရှိသူများလိုလား

Burma News International, 08 Jun 2016

URL: http://www.bnionline.net/news/karen-state/item/1791-teachers-ask-government-to-allow-students-to-wear-traditional-karen-dress.html
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်းရော်ဒေသမှ ကျောင်းတာဝန်ရှိသူများသည် ၎င်းတို့စာသင်ကျောင်းတွင် ကရင်ရိုးရာဝတ်စုံ
ဝတ်ဆင်ရမည့်နေ့တွင် ကျောင်းသားများ တရားဝင်ဝတ်ဆင်ခွင့်ရရှိရန်အတွက် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရရှိရန် လိုလားကြသည်။

ဝင်းရဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံးပညာရေးဌာန ဝင်းရော်ဒေသ ဖားပြရွာမှ ကျောင်းဆရာတစ်ဦးဖြစ်သူ စောမိုးအောင်ကဒေသ
ရှိကျောင်းသားများသည် တနင်္လာနေ့နှင့်သောကြောနေ့တွင် ရိုးရာဝတ်စုံကိုဝတ်ဆင်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တနင်္လာနေ့နှင့် သောကြာနေ့များတွင် ကျောင်းသားများ ရိုးရာဝတ်စုံဝတ်ဆင်ကြသော်လည်း ကျောင်းသားများကို ကရင်ရိုးရာဝတ်စုံဝတ်
ဆင်ရန်အစိုးရထံမှ တရားဝင်ခွင့်ပြုချက် လက်ခံရရှိမှု မရှိသေးသောကြောင့် ဆရာများအနေဖြင့် အခက်အခဲဖိစီးမှုရှိခဲ့သည်။

ယမန်နှစ်ကတည်းကပင် ဝင်းရော်ဒေသရှိ ကရင်ကျေးရွာရှိ အစိုးရစာသင်ကျောင်းများ၌ သတ်မှတ်ထားသည့်နေ့များတွင် ကရင်ရိုးရာဝတ်စုံ
ဝင်ဆင်နေကြပြီဖြစ်ပြီး ရှမ်းနှင့်မွန်ပြည်နယ်ရှိ အခြားအစိုးရ စာသင်ကျောင်းများတွင်လည်းသတ်မှတ်ထားသည့်နေ့များတွင်၎င်းတို့၏ရိုးရာ
ဝတ်စုံကိုဝတ်ဆင်နေခဲ့ကြပြီဖြစ်သည်။