စာသင်ကျောင်း(၄)ကျောင်းနှင့်လမ်းမကြီးတစ်လမ်းတည်ဆောက်ရန်ဂျပန်မှ အမေရိကန်ဒေါ်လာ (၇၃၉,၂၆၂)ပေးအပ်

...

စာသင်ကျောင်း(၄)ကျောင်းနှင့်လမ်းမကြီးတစ်လမ်းတည်ဆောက်ရန်ဂျပန်မှ အမေရိကန်ဒေါ်လာ (၇၃၉,၂၆၂)ပေးအပ်

The Global New Light of Myanmar, 23 Mar 2016

URL: http://globalnewlightofmyanmar.com/jpn-grants-us739262-for-four-schools-one-road-construction/
မတ်လ(၁၇)ရက်နေ့၌ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့်သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများမှကော်မတီဝင်ဥက္ကဌများ
သည်စီမံကိန်း(၅)ခုအတွက်အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကိုလက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ပေးရေးအစီအစဉ်အရစုစုပေါင်းအမေရိကန်ဒေါ်လာ(၇၃၉,၂၆၂)ကိုလူသား
ချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာအဆိုပါစီမံကိန်းများမှာ-ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊အိန္ဒုမူလတန်းကြိုကျောင်း
ဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၉၄,၇၁၃)အား၎င်း ၊ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ပင်ဟဲကျေးရွာအခြေခံပညာအလယ်
တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၂၃၁,၀၇၇) အား၎င်း၊ ချင်းပြည်နယ်၊ထန်တလန်မြို့နယ်၊နှရိန်ကျေး
ရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၂၀၄,၂၃၅)အား၎င်း၊ ဧရာဝတီတိုင်းဒေသကြီး၊
အိမ်မဲမြို့နယ် ၊ သရက်ပင်ကွင်း-ကြို့ကုန်းလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ( ၁၁၁,၁၇၈) နှင့် ပဲခူးတိုင်းဒေသကြီး၊
ဝေါမြို့နယ်၊ ဦးဖိုးစိန်အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၉၈,၀၅၉)တို့ဖြစ်ကြသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီးစီမံကိန်းပေါင်း(၇၇၀)ခု
ကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၅)ခု၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း
(၁၉၅)ခုနှင့်လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၇)ခုနှင့်အခြားအမျိုးမျိုးသောစီ
မံကိန်းပေါင်း(၃၅)ခုတို့ကိုဆောက်လုပ်ကူညီခဲ့ပြီးဖြစ်သည်။