မြန်မာအစိုးရနှင့်NCAလက်မှတ်ရေးထိုးခဲ့သည့်လက်နက်ကိုင်အဖွဲ့များမှတိုက်ပွဲများ ထပ်မံမဖြစ်ပွားစေဖို့ကာကွယ်ကြရန်သဘောတူ

...

မြန်မာအစိုးရနှင့်NCAလက်မှတ်ရေးထိုးခဲ့သည့်လက်နက်ကိုင်အဖွဲ့များမှတိုက်ပွဲများ ထပ်မံမဖြစ်ပွားစေဖို့ကာကွယ်ကြရန်သဘောတူ

Xinhau News, 25 Feb 2016

URL: http://news.xinhuanet.com/english/2016-02/25/c_135129527.htm
မြန်မာအစိုးရ၊တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာအချုပ်လက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့်အ
ရပ်သားအဖွဲ့များသည်နောက်ထပ်တိုက်ပွဲများထပ်မံမဖြစ်ပွားစေဖို့ကာကွယ်ရန်အတွက်နည်းလမ်းများရှာဖွေကြိုးပမ်းရန်သဘောတူညီခဲ့
ကြသည်ဟုတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပူးတွဲကော်မတီ(JCMC)မှထုတ်ပြန်ကြေငြာချက်ကိုရည်ညွန်းကာကြာသာပတေးနေ့
တရားဝင်အစီရင်ခံစာတွင်ထုတ်ဖော်ပြောကြားခဲ့သည်။

JCMCမှရန်ကုန်ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ်သည့်သုံးရက်တာဆွေးနွေးမှုနောက်ဆက်တွဲအရအောက်တိုဘာလ(၁၅)ရက်နေ့
တွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချူပ်လက်မှတ်ရေးကိုထိုးပြီးသည့်နောက်ပိုင်းရရှိလာသော​တိုးတက်မှုများကိုရည်ညွှန်း
ကာကြေငြာချက်တစ်စောင်ထုတ်ပြန်ကြေငြာခဲ့သည်၊အထူးသဖြင့်များမကြာမီကရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) /ရှမ်း
ပြည်တောင်ပိုင်းတပ်(SSA-S)နှင့်ရှမ်းပြည်မြောက်ပိုင်းရှိတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အတွင်းတိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီးလူ(၄)ထောင်နီးပါး​နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

နောက်ထပ်တိုက်ပွဲများဖြစ်ပွားအောင်ပြုလုပ်သည့်မည်သည့်အဖွဲ့ကိုမဆိုJCMCမှာရေးယူခွင့်ရှိကြောင်းပြောကြားခဲ့သည်၊ကော်မတီအဖွဲ့ဝင်
အားလုံးသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင်စွဲစွဲမြဲမြဲကျန်ရှိနေစေရန်နှင့်တာရှည်ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိဖို့အတွက်အရှိန်အဟုန်သစ်
ဖြင့်လုပ်ဆောင်ကြရန်ထပ်ပေါင်းပြောကြားခဲ့သည်။