မြန်မာမှအချက်(၁၀)ချက်အောက်၌ဆွေးနွေးမှုမူဘောင်မူကြမ်းရေးဆွဲ

...

မြန်မာမှအချက်(၁၀)ချက်အောက်၌ဆွေးနွေးမှုမူဘောင်မူကြမ်းရေးဆွဲ

Business Standard, 29 Nov 2015

URL: http://www.business-standard.com/article/news-ians/myanmar-drafts-dialogue-framework-under-10-points-115112900060_1.html
မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းနိုင်ငံရေးဆွေးနွေးမှုများအတွက်အချက်
(၁၀)ချက်အောက်၌မူဘောင်ရေးဆွဲခဲ့ကြသည်ဟုတနင်္ဂနွေနေ့၌အရာရှိတစ်ဦးကပြောခဲ့သည်။

သောကြာနေ့၌စတင်ခဲ့သည့်သုံးဦးဖလှယ်ပါဝင်သောပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးပူးတွဲကော်မတီ(UPDJC)၏အထူး
ဆွေးနွေးမှုမူဘောင်ရေးဆွဲရေးကော်မတီကလေးရက်တာအစည်းအဝေးတွင်အချက်(၁၀)ချက်ကိုဆွေးနွေးခဲ့သည်ဟုရှင်ဟွာသ
တင်းဌာနမှအစီရင်ခံခဲ့သည်။

ပါဝင်သည့်အချက်များမှာမူဘောင်၏အခြေခံစည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲ၌ပါဝင်သည့်အဖွဲ့အစည်းများ၏ကိုယ်
စားပြုဆောင်ရွက်ခြင်းနှင့်ပူးပေါင်းပါဝင်ခြင်း၊ဆုံးဖြတ်ချက်ပြုလုပ်သည့်နည်းလမ်းများ၊နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာစီမံခန့်ခွဲမှုများ၊
ပြည်ထောင်စုအဆင့်သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းများနှင့်လုပ်ငန်းစဉ် များကိုအကောင်အထည်ဖော်ခြင်းစသည်တို့ပါဝင်
သည်ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာကပြောကြားခဲ့သည်။