မြန်မာ့လက်နက်ကိုင်အဖွဲ့များမှရွေးကောက်ပွဲတွင်အောင်မြင်မှုများရရှိခဲ့သည့်အတိုက်အခံပါတီ NLD အားကြိုဆို

...

မြန်မာ့လက်နက်ကိုင်အဖွဲ့များမှရွေးကောက်ပွဲတွင်အောင်မြင်မှုများရရှိခဲ့သည့်အတိုက်အခံပါတီ NLD အားကြိုဆို

Dpa news, 15 Nov 2015

URL: http://www.dpa-international.com/news/asia/myanmars-rebel-groups-welcome-election-victory-of-opposition-nld-a-47167019.html
အတိုက်အခံ​ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့(NLD)မှရွေးကောက်ပွဲတွင်အနိုင်ရရှိပြီးနောက်မြန်မာနိုင်ငံ၏တိုင်းရင်းသား​လက်နက်
ကိုင်အဖွဲ့အချို့သည်နောင်လာမည့်အစိုးရနှင့်ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများစတင်ပြုလုပ်ရန်အတွက်စိတ်အားထက်သန်နေ
ကြသည်ဟု၎င်းတို့ကတနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေးဆွေးနွေးဖို့ကျွန်တော်တို့စိတ်အားထက်သန်နေပါတယ်"ဟုကချင်လွတ်မြောက်ရေးတပ်မတော်မှပြောရေးဆိုခွင့်
ရှိသူလနန်းကပြောခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့်နောင်လာမယ့်အစိုးရကိုကျွန်တော်တို့သံသယမရှိပါဘူး၊ကျွန်တော်တို့စစ်မှန်တဲ့ငြိမ်း
ချမ်းရေးတည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်"ဟုဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုခြင်းကိုရည်ညွှန်းကာဖုန်းဖြင့်(dpa)
သို့ပြောခဲ့သည်။

အောက်တိုဘာလတွင်ပြုလုပ်သည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်(SSA)မှလက်မှတ်ရေးထိုးရန်ငြင်း
ဆန်ခဲ့သည်။"စာချုပ်ကတကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုယူဆောင်လာနိုင်လိမ့်မယ်လို့ကျွန်တော်တို့အယုံအကြည်မရှိတာ
ကြောင့်စစ်တပ်ကကျွန်တော်တို့ကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတယ်လို့ကျွန်တော်ထင်ပါတယ်"ဟု
အဖွဲ့၏ဗိုလ်မှူးဖြစ်သူစိုးလမှ(Dpa)သို့ဖုန်း​ဖြင့်​ဖြေ​ကြား​ခဲ့​သည်။

"ဒါပေမယ့် NLD ဦးဆောင်တဲ့အစိုးရသစ်နဲ့ကျွန်တော်တို့အဆင်ပြေမှာပါ။သူတို့နဲ့ဆွေးနွေးဖို့ကျွန်တော်တို့အဆင်သင့်ဖြစ်နေ
ပါပြီ"ဟုသူကပြောခဲ့သည်။

အင်အားအကြီးဆုံးအဖွဲ့ထဲတွင်တစ်ခုအပါအဝင်ဖြစ်သည့်“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကလည်း(NLD)၏အောင်
ပွဲကိုကြိုဆိုဂုဏ်ပြုကြောင်းစနေနေ့တွင်ပြောကြားခဲ့သည်။