မြန်မာသမ္မတမှတိုင်းရင်းသားလက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်ရန်ကတိပေး

...

မြန်မာသမ္မတမှတိုင်းရင်းသားလက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်ရန်ကတိပေး

Xinhau News, 06 Oct 2015

URL: http://news.xinhuanet.com/english/2015-10/06/c_134686838.htm
မြန်မာသမ္မတဦးသိန်းစိန်မှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင်လက်မှတ်ရေးထိုးရန်အဆင်သင့်ဖြစ်နေသည့်
တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ဆက်လက်လုပ်ဆောင်ရန်အင်္ဂါနေ့၌ကတိပေးခဲ့သည်။

သို့ဖြစ်စေကာမူနိုင်ငံရေးလုပ်ငန်းစဉ်များတွင်နောင်အခါမှပါဝင်မည်ဖြစ်သောNCAတွင်လက်မှတ်ရေးထိုးရန်အဆင်သင့်မဖြစ်သေးသည့်
ကျန်ရှိနေသေးသည့်တိုင်းရင်းသားလက်နက်ကိုင်များအတွက်တံခါးဖွင့်ပေးထားကြောင်းကိုသူ၏နိုင်ငံသို့လစဉ်မိန့်ခွန်းပြောကြားရာ၌ဦး
သိန်းစိန်မှထပ်လောင်းပြောကြားခဲ့သည်။

တနင်္ဂနွေနေ့၌မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည်နေပြည်တော်၌NCAတရားဝင်လက်မှတ်ရေးထိုးခြင်းအခမ်း
အနားကိုအောက်တိုဘာလ(၁၅)ရက်နေ့တွင်ပြုလုပ်ရန်သဘောတူညီခဲ့သည်။

အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်အဖွဲ့(၁၅)ဖွဲ့မှ(၈)ဖွဲ့တို့ပါဝင်သည့်အစည်းအဝေးအတွင်းအစိုး
ရမှယခုရက်သတ္တပတ်၌ရန်ကုန်ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်တက်ရောက်ရန်ဖိတ်ကြားခဲ့သည်၊ရှေးပြေးလက်မှတ်ထိုးမည့်သူအဖြစ်
အဖွဲ့(၇)ဖွဲ့ကNCAကိုလက်မှတ်ရေးထိုးရန်အတွက်၎င်းတို့ဆန္ဒရှိကြောင်းအရိပ်အယောင်ပြခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့မှာကရင်အမျိုးသားအစည်းအရုံး(KNU)၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)-
ငြိမ်းချမ်းရေးကောင်စီ၊ပအို့အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(PNLO)၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်
တပ်ဦး(ABSDF)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ရခိုင်လွတ်မြောက်ရေးပါတီ(ALP)နှင့်ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)
တို့ဖြစ်သည်။

လာမည့်အထွေထွေရွေးကောက်ပွဲအတွက်ပြောကြားရာတွင်ဦးသိန်းစိန်မှရွေးကောက်ပွဲသည်နိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းအတွက်
အရေးပါသည့်အလှည့်အပြောင်းဖြစ်ကြောင်းအလေးပေးပြောဆိုခဲ့သည်။

ပြည်သူလူထု၏စစ်မှန်သောဆန္ဒဖြင့်မဲပေးခြင်းမှရရှိလာသည့်ရလဒ်ကိုရှင်းရှင်းလင်းလင်းလက်ခံရမည်ဟုသူကတိုက်တွန်းလိုက်သည်။

နိုင်ငံရေးပါတီပေါင်း(၉၁)ပါတီနှင့်တသီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်သူ(၃၀၀)ကျော်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်၂၀၁၅ခုနှစ်ထွေထွေရွေးကောက်
ပွဲကိုနိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည်ဖြစ်သည်။