မွန်တိုင်းရင်းသားများမဲပေးပိုင်ခွင့်ဆုံးရှုံး

...

မွန်တိုင်းရင်းသားများမဲပေးပိုင်ခွင့်ဆုံးရှုံး

Myanmar Times, 21 Oct 2015

URL: http://www.mmtimes.com/index.php/national-news/16560-ethnic-mon-left-off-electoral-rolls.html
နိုင်ငံရေးဆိုင်ရာဘက်လိုက်မှုများရှိသည့်ဟုစွပ်စွဲမှုများအစပျိုးလာခဲ့သောအငြင်းပွယ်ရာဆုံးဖြတ်မှုနောက်ဆက်တွဲအရမွန်တိုင်း
ရင်းသားအများစုဖြစ်သည့်မဲဆန္ဒရှင်နှစ်သောင်းကျော်သည်ကရင်ပြည်နယ်ရှိမြို့နယ်တစ်ခုတည်းတွင်မဲထည့်ရန်အတွက်၎င်းတို့
၏အခွင့်အရေးဆုံးရှုံးခဲ့သည်။

လုံခြုံးရေးအခြေအနေအရလို့အကြောင်းပြချက်ကြောင့်ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့အချို့ရွာတွေကနေထိုင်သူတွေဟာမဲစာ
ရင်းမှာပါဝင်နိုင်ခြင်းမရှိကြောင်းကိုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲမှဥက္ကဌဖြစ်သူဦးကျော်ဝင်းမောင်ကပြောခဲ့သည်။
၎င်းဒေသတွင်ရှိသောလက်နက်ကိုင်ဖွဲ့မှမဲဆန္ဒအကြိုစာရင်းကို၎င်းတို့မှလက်ခံမည်မဟုတ်ကြောင်းသတိပေးခဲ့သည်၊ထို့ကြောင့်
ကော်မရှင်ခွဲသည်မဲဆန္ဒရှင်နှစ်သောင်းကျော်ကိုအတည်မပြုနိုင်ဖြစ်ခဲ့ကြောင်းကို၎င်းမှမြန်မာတိုင်းမ်းသို့ပြောခဲ့သည်။

“ကျွန်တော်တို့ဘယ်မဲဆန္ဒရှင်စာရင်းမှအတည်ပြုလို့မရနိုင်တော့သူတို့ရွေးကောက်ပွဲမှမဲမပေးနိုင်တော့ပါဘူးဟုသူကပြောခဲ့သည်။
မဲဆန္ဒရှင်အမည်စာရင်းအတည်ပြု၍မရအောင်မည်သည့်အဖွဲ့ကအဟန့်အတားလုပ်သည်ကို၎င်းမှအတည်မပြုနိုင်ကြောင်း၊သို့
သော်လည်းသူမှမွန်ပြည်သစ်ပါတီ(NMSP)ဟုစွပ်စွဲခဲ့ပြီးလက်နက်ကိုင်အဖွဲ့သည်ကျေးရွာအုပ်ချုပ်သူများကိုခြိမ်းခြောက်ခဲ့သည်
ဟုသူကပြောခဲ့သည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်၏နိုင်ငံရေးဆိုင်ရာအဖွဲ့ဖြစ်သော(NMSP)သည်၁၉၉၅ခုနှစ်တွင်အစိုးရနှင့်ပထမဦးဆုံးအ
ကြိမ်နှစ်ဦးနှစ်ဖက်ပါဝင်သောအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။မကြာသေးမီက၂၀၁၂ခုနှစ်တွင်အပစ်
အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ပြီး(NMSP)သည်အစိုးရနှင့်အတူတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေး
နွေးပွဲတွင်ပါဝင်ခဲ့သည်။

ကရင်ပြည်နယ်ရှိဝေးလံခေါင်ဖျားသည့်နေရာများနှင့်နှိုင်းစာလျှင်အငြင်းပွားဖွယ်ရာများသည်စစ်တပ်နောက်ခံအစိုးရအပေါ်အ
တိုက်အခံပါတီများ၏စိုးရိမ်ပူပန်မှုကိုမီးမောင်းထိုးပြခဲ့သည်၊အထူးသဖြင့်တိုင်းရင်းသားထိန်းချုပ်ရာနယ်စပ်ဒေသများတွင်လုံခြုံ
ရေးဆိုရာအကြောင်းအရာများကိုမဲဆန္ဒအကျိုးရလဒ်များအပေါ်လွှမ်းမိုးရန်အတွက်ယိုးမယ်ဖွဲ့အသုံးချနိုင်သည်။

နောက်ဆုံးအကြိမ်ကောက်ခံခဲ့သည့်သန်းခေါင်စာရင်းအရကြာအင်းဆိပ်ကြီးမြို့နယ်တွင်စုစုပေါင်းလူဦးရေ(106,000)ကျော်ရှိ
သည်။ကျေးရွာ(၃၃)ရွာမှမဲဆန္ဒရှင်နှစ်သောင်းကျော်သည်မဲပေးရန်အတွက်၎င်းတို့အခွင့်အရေးဆုံးရှုံးခဲ့သည်ဟုဒေသခံအာဏာ
ပိုင်များ၏ပြောကြားချက်အရသိရှိရသည်၊နေထိုင်သူ(၈၀)ရာခိုင်နှုန်းသည်မွန်တိုင်းရင်းသားများဖြစ်ကြသည်၊အခြားလူမျိုးများ
မှာကရင်နှင့်ပအို့တို့ဖြစ်ကြသည်။

အချို့ရွာများမှာ(NMSP)၏ထိန်းချုပ်မှုအောက်တွင်ရှိပြီး၂၀၁၀အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒမပေးခဲ့ပေ။ကြာအင်းဆိပ်ကြီး
မြို့နယ်အပါအဝင်၂၀၁၀ခုနှစ်တွင်ကရင်ပြည်နယ်၏(၅၀)ရာခိုင်နှုန်းနီးပါးသည်ရွေးကောက်ပွဲတွင်ပယ်ဖျက်ခံခဲ့ရသည်ဟုရွေး
ကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှပြောခဲ့သည်။

နိုဝင်ဘာလ(၈)ရက်နေ့အထွေထွေရွေးကောက်ပွဲ၌လုံခြုံရေးကိုပါတီမှအာမခံချက်ပေးနိုင်ကြောင်းမွန်ပြည်နယ်၏မြို့တော်ဖြစ်
သောမော်လမြိုင်မြို့တွင် NMSPမှအဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူနိုင်ခင်အေးကပြောခဲ့သည်။ဘယ်အကြောင်းကိစ္စကိုမဆိုစိတ်
ပူစရာမရှိကြောင်းသူကပြောခဲ့သည်။

ဤဒေသတွင်လုံခြုံရေးအတွက်စိတ်ပူစရာမရှိကြောင်းနှင့်၎င်းတို့မှရွေးကောက်ပွဲကျင်းပရန်ခွင့်ပြုထားကြောင်းကို၎င်းမှကရင်
ပြည်နယ်ကော်မရှင်ခွဲထံသို့လက်မှတ်ထိုးကာစာရေးပို့ထားကြောင်းပြောခဲ့သည်။သို့သော်လည်းကရင်ပြည်နယ်ရွေးကောက်ပွဲ
ကော်မရှင်ခွဲမှသူသည်ဤကဲ့သို့သောစာကိုလက်ခံရရှိမှုမရှိကြောင်းမြန်မာတိုင်းမ်သို့ပြောခဲ့သည်။

ပြိုင်ဘက်မွန်တိုင်းရင်းသားပါတီကိုမွန်ပြည်သူများမှမဲပေးမည်စိုးသောကြောင့်အာဏာရပါတီသည်ရွေးကောက်ပွဲကော်မရှင်ကို
ခြယ်လှယ်မှုရှိသည်ဟု၎င်းမှသံသယရှိကြောင်း၊ကရင်ပြည်နယ်၊မွန်တိုင်းရင်းသားရေးရာဝန်ကြီးနိုင်ချစ်ဦးကပြောခဲ့သည်။

“၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်ဒီနယ်မြေမှာလူထုဆန္ဒခံယူပွဲကိုသူတို့လုပ်ခဲ့ပါတယ်၊ဒီနယ်မြေမှသေနတ်
သံမကြားရတာနှစ်ပေါင်း(၂၀)ကျော်ရှိပါပြီ။မဲထည့်ဖို့လုပ်တာကိုပိတ်ပစ်တဲ့ကော်မရှင်ရဲ့အကြောင်းပြချက်ကိုလက်ခံနိုင်စရာအ
ကြောင်းမရှိပါဘူး”ဟုသူကပြောခဲ့သည်။
ကော်မရှင်ကမွန်တိုင်းရင်းသား(၂)သောင်းရဲ့မဲပေးခွင့်တွေကိုပိတ်ပစ်ခဲ့သည်၊အဘယ့်ကြောင့်ဆိုသောလူထုက(MNP)ကိုမဲပေး
မည်ကိုကြောက်ရွံ့သောကြောင့်ဖြစ်သည်ဟုမွန်အမျိုးသားပါတီမှအတွင်းရေးမှူးဖြစ်သူနိုင်စိုးမြင့်ကပြောခဲ့သည်။

“သူတို့မဲပေးရမယ့်အခွင့်အရေးကိုသူတို့ဆုံးရှုံးခဲ့ပါတယ်”ဟုသူကပြောခဲ့သည်။

ဆန္ဒပြရန်အတွက်ရွာသားများသည်စက်တင်ဘာလ(၁၈)ရက်နေ့တွင်မော်လမြိုင်မြို့၌သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။
မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်သည်သူတို့အားဘာ့ကြောင့်မဲပေးခွင့်ရုပ်သိမ်းရသည့်အကြောင်းကိုရှင်းပြရန်ငြင်းဆန်
ခဲ့ပြီးဥပဒေနှင့်အညီမဲပေးခွင့်ရရန်အတွက်လူထုမှထုတ်ပြန်ကြေငြာခဲ့သည့်၎င်းတို့၏အခွင့်အရေးနှင့်ရည်ရွယ်ချက်ဖော်ပြထား
သည့်စာကိုလက်ခံရန်လည်းငြင်းဆန်ခဲ့သည်ဟု၎င်းတို့ကမြန်မာတိုင်းမ်သို့ပြောခဲ့သည်။

“ကျွန်တော်တို့ကတရားမဝင်ပြောင်းရွှေ့လာသူတွေမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာပဲနေထိုင်တဲ့သူတွေပါ။ကျွန်တော်တို့မှနိုင်ငံ
သားကတ်လည်းရှိပါတယ်။ဘာကြောင့်သူတို့ကကျွန်တော်တို့ရဲ့မဲပေးခွင့်ကိုကန့်ကွက်ရတာလဲ”ဟုမြင်ဝါးကုန်းကျေးရွာဒေသ
ခံနိုင်ဝင်းရွှေကပြောခဲ့သည်။

၎င်းတို့၏စာကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကရင်ပြည်နယ်ကော်မရှင်ခွဲထံပေးပို့ခဲ့သော်လည်းမည်သည့်တုံ့
ပြန်မှုမှမရှိခဲ့ကြောင့်သူကပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးဆုံးရှုံးပါတယ်ဟုလိုင်းကနီကျေးရွာဒေသခံဦးမောင်ဦးကပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီးကြာအင်းဆိပ်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲအတွင်းရေးမှူးဖြစ်သူဦးသိန်းထွန်းထံမြန်
မာတတိုင်းမ်းမှဆက်သွယ်မေးမြန်းခဲ့သော်လည်းသင်တန်းတက်နေကြောင်းနှင့်မဖြေကြားနိုင်သေးကြောင်းပြောကြားခဲ့သည်။

ကျေးရွာအုပ်ချုပ်မှူးနဲ့လည်းသူတို့အဆက်အသွယ်ကောင်းကောင်းရှိကြောင်း၊ပညာရေးဝန်ကြီးဌာနကအစိုးရစာသင်ကျောင်း
ဆောက်လုပ်ရန်ခွင့်ပြုခဲ့စဉ်အတွင်းမှာပဲဒီနေရာတွေမှာသူတို့ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကိုအကောင်အထည်
ဖော်ခဲ့ကြောင်းကိုကြာအင်းဆိပ်ကြီးမြို့အုပ်ချုပ်ရေးမှဒုတိယညွှန်ကြားရေးမှူးဦးရဲအောင်ကပြောခဲ့သည်။ဒီဒေသများတွင်လုံခြုံ
ရေးစိုးရိမ်စရာမရှိကြောင်းသူကထပ်ပေါင်းပြောခဲ့သည်။

“ဒီနေရာတွေက(NMSP)ထိန်းချုပ်ရာနယ်မြေဖြစ်ပေမယ့်လုံခြုံရေးစိုးရိမ်စရာရှိမယ်လို့ကျွန်တော်မထင်ပါဘူး၊ဘာကြောင့်လဲ
အဆိုတော့ကျေးရွာအုပ်ချုပ်သူတွေကကျွန်တော်တို့ဆီအစီရင်ခံပါတယ်”ဟုသူကပြောခဲ့သည်။