နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်အတွက်မြန်မာအစိုးရမှရက်သတ်မှတ်

...

နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်အတွက်မြန်မာအစိုးရမှရက်သတ်မှတ်

Radio Free Asia, 14 Sep 2015

URL: http://www.rfa.org/english/news/myanmar/government-sets-date-for-start-of-political-dialogue-09142015162600.html
မြန်မာအစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အောက်တိုဘာလပထမအပတ်အတွင်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးကိုလက်မှတ်ရေးထိုးမည်ဖြစ်သည်၊ပါဝင်သူများအတွင်းနိုင်ငံရေးဆွေးနွေးပွဲကိုဇန်နဝါရီလတွင်စတင်မည်ဖြစ်သည်ဟုအစိုး
ရ၏ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူခေါင်းဆောင်မှတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(USDP)နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ပါတီ၊လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့
အနည်းဆုံး(၉)ဖွဲ့စသည်တို့အပါအဝင်နိုင်ငံရေးပါတီ(၇၀)ကျော်မှကိုယ်စားလှယ်များဖြင့်ပြုလုပ်သောအစည်းအဝေးတွင်တနိုင်ငံလုံး
ဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုနောက်လအစောပိုင်းတွင်လက်မှတ်ရေးထိုးရန်သဘောတူညီခဲ့သည်ဟုသမ္မတရုံးမှဝန်ကြီး
ဖြစ်သူအစိုးရအဖွဲ့ဝင်မြန်မာ့ငြိမ်းချမ်းရေးစင်တာမှဥက္ကဌဦးအောင်မင်းကပြောကြားခဲ့သည်။

ကုန်သွယ်မှုအချက်အချာကျသည့်ရန်ကုန်မြို့၌မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်ကျင်းပပြုလုပ်သောအစည်းအဝေးပွဲတွင်၎င်းတို့မှ
နိုင်ငံရေးဆွေးနွေးပွဲအတွက်အ များနှင့်ဆိုင်သည့်မူဘောင်များတိုးတက်လာစေရန်ဆွေးနွေးခဲ့ကြသည်။၎င်းမူဘောင်များကိုNCA
တွင်ပါရှိထားသည့်အတိုင်းလက်မှတ်ရေးထိုးပြီးပါက(၁)မှ(၃)လအတွင်းစတင်ပြုလုပ်ရမည်ဟုသူကပြောခဲ့သည်။

“နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့အတွက်ကျွန်တော်တို့မှာအစိုးရ၊လွှတ်တော်၊စစ်တပ်၊နိုင်ငံရေးပါတီတွေနဲ့အခြားသင့်တော့်တဲ့အ
ဖွဲ့တွေအပါအဝင်အဖွဲ့(၇)ဖွဲ့ရှိပါတယ်”ဟုအစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)မှဒုတိယဥက္ကဌလည်း
ဖြစ်သူဦးအောင်မင်းကပြောခဲ့သည်။

NCAလက်မှတ်ရေးထိုးပြီးနောက်ပူးတွဲအကောင်အထည်ဖော်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ(၁၄)ရက်တာအစည်းအဝေးပြု
လုပ်မည်ဖြစ်ပြီးပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးခြင်းပူးတွဲကော်မတီမှ(၁၅)ရက်ပြုလုပ်မည်ဟုဧရာဝတီသတင်းစဉ်တွင်အစီရင်ခံ
ခဲ့သည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင်သမ္မတဦးသိန်းစိန်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအတွင်းအစည်းအဝေးတွင်NCA
ကိုအောက်တိုဘာလတွင်လက်မှတ်ရေးထိုးရန်အစမ်းသဘောတူညီလိုက်ကြသည်။

တနင်္လာနေ့အစည်းအဝေးတွင်ဦးသိန်းစိန်မှNCAကိုစက်တင်ဘာလ(၂၉)ရက်နေ့တွင်လက်မှတ်ရေးထိုးရန်တောင်းဆိုခဲ့သော်လည်း
တိုင်းရင်းသားခေါင်းဆောင်များသည်အောက်တိုဘာလ(၁၅)ရက်နေ့တွင်လက်မှတ်ရေးထိုးချင်သည်ဟုဦးအောင်မင်းကပြောခဲ့သည်။

ဦးအောင်မင်းနှင့်USDPမှဥပဒေပြဌာန်းသူများသည်ရှမ်းပြည်နယ်၊ကိုးကန့်ရှိ“ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်နှင့်အမျိုးသားဒီ
မိုကရေစီမဟာမိတ်တပ်စသည်တို့၏ကိုယ်စားလှယ်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွက်ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက်ပိုင်းတွင်
အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်ဟုဧရာဝတီသတင်းစဉ်တွင်အစီရင်ခံခဲ့သည်။

အဖွဲ့များသည်အစိုးရနှင့်အတူအပစ်ရပ်ပူးတွဲစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သော်လည်း၎င်းတို့သည်အပစ်အခတ်ရပ်စဲရေးသဘောတူ
စာချုပ်အတွက်ညှိနှိုင်းဆွေးနွေးနေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွင်အဖွဲ့ဝင်မဟုတ်ဟုအစီရင်ခံခဲ့သည်။