သမ္မတ၊တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံရာတွင်အပစ်ရပ်စာချုပ်ကိုအောက်တိုဘာလတွင်လက်မှတ်ရေးထိုးရန်အစမ်းထားရှိ

...

သမ္မတ၊တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံရာတွင်အပစ်ရပ်စာချုပ်ကိုအောက်တိုဘာလတွင်လက်မှတ်ရေးထိုးရန်အစမ်းထားရှိ

Radio Free Asia, 09 Sep 2015

URL: http://www.rfa.org/english/news/myanmar/deal-09092015165548.html
ဗုဒ္ဓဟူးနေ့တွင်မြန်မာသမ္မတဦးသိန်းစိန်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များအတွင်းအစည်းအဝေး
ကျင်းပခဲ့ပြီးလာမည့်လတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(NCA)ကိုလက်မှတ်ရေးထိုးရန်အတွက်အစမ်းသဘော
တူညီမှုဖြင့်အစည်းအဝေးရုတ်သိမ်းခဲ့သည်ဟုပြည်တွင်းသတင်းမီဒီယာများနှင့်သတင်းအရင်းအမြစ်များအရသိရှိရသည်။

အစိုးရအဖွဲ့ဝင်မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှဝါရင့်အကြံပေးဖြစ်သူဦးလှမောင်ရွှေကနေပြည်တော်တွင်အစည်းအဝေး
ပြီးသည့်နောက်ပိုင်းတွင်အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်များတောင်းဆိုထားသည့်(NCA)တွင်အားလုံးပါဝင်ရမည်ဟူ
သောအချက်ကိုသဘောတူညီခဲ့သော်လည်းအခြေအနေများ၌ရှေ့ဆက်လုပ်ဆောင်ရန်လိုလားသည်ဟုသတင်းထောက်များကို
ပြောခဲ့သည်။

“အစိုးရကအဖွဲ့(၁၅)ဖွဲ့နဲ့ပဲ(NCA)ကိုလက်မှတ်ရေးထိုးချင်ပါတယ်။(အဲ့ဒီအဖွဲ့တွေကငြိမ်းချမ်းရေးသဘောတူညီမှုမှာနှစ်ဦးနှစ်
ဖက်သဘောတူညီပြီးသားမို့လို့ပါ)”ဟုသူကပြောခဲ့သည်။

“မူဘောင်ဆွေးနွေးပွဲတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်(NCA)မှာလက်မှတ်မထိုးတဲ့အဖွဲ့တွေကိုလည်းအစိုးရကဖိတ်ကြား
မှာပါ။သူတို့တွေမူဘောင်အစည်းအဝေးတွေနဲ့နိုင်ငံရေးဆွေနွေးမှုတွေကိုလာတက်ရောက်တဲ့အခါအစိုးရကဒီအဖွဲ့တွေကိုဆန့်
ကျင်အရေးယူတာ(မတရားအသင်းဟုသတ်မှတ်မှုအောက်)တွင်လုပ်မှာမဟုတ်ပါဘူး။”

တိုင်းရင်းသားခေါင်းဆောင်များမှအနည်းဆုံးလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့ပါဝင်ရမည်ဟုတောင်းဆိုခဲ့သည်၊၎င်းတို့ထဲမှအချို့သည်
လက်ရှိတွင်အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွားနေသည်၊(NCA)တွင်လက်မှတ်ရေးထိုးရန်ဖိတ်ကြားခဲ့သော်လည်းအစိုးရသည်လားဟူ
ဒီမိုကရက်တစ်ပြည်ထောင်စု၊ရခိုင်အမျိုးသားကောင်စီနှင့် “ဝ”အမျိုးသားအစည်းအရုံးတို့ကိုနိုင်ငံရေးဆွေးနွေးပွဲများတွင်သာ
ပါဝင်ရန်သဘောတူညီခဲ့သည်။

ရှမ်းပြည်နယ်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းဖေဖော်ဝါရီလကတည်းကပင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ
မိတ်တပ်(MNDAA)နှင့်အတူသီးသန့်တွေ့ဆုံဆွေးနွေးနိုင်ရန်မျှော်လင့်ကြသည်၊(MNDAA)နှင့်အတူတအောင်းအမျိုးသားလွတ်
မြောက်ရေးတပ်(TNLA)သည်မြန်မာတပ်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအစိုးရနှင့်နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးပြုလုပ်နိုင်ပါက(NCA)
တွင်လက်မှတ်ရေးထိုးရန်အလားအလာရှိကြောင်းဦးလှမောင်ရွှေ၏ပြောကြားချက်အရသိရှိရသည်။

သမ္မတမှလည်းကိုးကန့်တွင်(MNDAA) ကိုပံ့ပိုးကူညီပေးသည့်ရခိုင်အဖွဲ့(၃)ဖွဲ့ဖြစ်သည့်ရခိုင်အမျိုးသားကောင်စီ(ANC),ရခိုင်
လွတ်မြောက်ရေးပါတီ(ALP)နှင့်ရက္ခိုင်တပ်မတော်(AA)တို့ကိုအစိုးရနှင့်သီးခြားလက်မှတ်ရေးထိုးဖို့အတွက်နိုင်ငံတွင်တပေါင်း
တစည်းထဲဖြစ်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးမည့်ရက်စွဲအဖွဲ့(၁၅)ဖွဲ့ဖြင့် NCAကိုလက်မှတ်ရေးထိုးရန်အတွက်ရက်စွဲကိုပြည်ထောင်စုဝန်ကြီးဦးအောင်မင်း
နှင့်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှအဆင့်
မြင့်ကိုယ်စားလှယ်(SD)များအတွင်းမကြာမီကျင်းပမည့်အစည်းအဝေးတွင်ရက်သတ်မှတ်မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်မှသဘောတူစာချုပ်ကိုယခုလအကုန်တွင်လက်မှတ်ရေးထိုးကြရန်အဆိုပြုခဲ့သော်လည်းတိုင်းရင်းသားကိုယ်
စားလှယ်များမှ၎င်းတို့အဖွဲ့ဝင်အသီးသီးထံသို့လုပ်ငန်းစဉ်များကိုရှင်းလင်းပြရန်အတွက်နောက်ထပ်အချိန်ပေးရန်တောင်းဆို
ခဲ့သည်။

မြန်မာနိုင်ငံ၌အထွေထွေရွေးကောက်ပွဲကိုနိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီးသမ္မတမှ၎င်း၏ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အတွက်(NCA)ကိုရွေးကောက်ပွဲစည်းရုံးရေးဆင်းရာတွင်အဓိကအစိတ်အပိုင်းအနေဖြင့်
ထားရှိသည်။

“အစိုးရက(NCA)ကိုစက်တင်ဘာလ(၂၉)ရက်မှာလက်မှတ်ထိုးစေချင်ပါတယ်၊ဒါပေမယ့်အဖွဲ့တစ်ဖွဲ့ချင်းစီကသူတို့ရဲ့အခြားအဖွဲ့
ဝင်တွေနဲ့ဆွေးနွေးတိုင်ပင်ဖို့အတွက်အချိန်ပိုမိုလိုအပ်ပါတယ်”ဟုသူကပြောခဲ့သည်။

“ဒါကြောင့်ကျွန်တော်တို့ကအောက်တိုဘာလဒုတိယအပတ်မှာလက်မှတ်ရေးထိုးဖို့တောင်းဆိုခဲ့ပါတယ်။စက်တင်ဘာလ(၂၉)နဲ့
အောက်တိုဘာလ(၁၅)အတွင်းဘယ်အချိန်မှမဆိုဖြစ်နိုင်ပါတယ်။အစိုးရက(NCA)ကိုလက်မှတ်ရေးထိုးဖို့အတွက်အဖွဲ့(၁၅)ဖွဲ့
ကိုဖိတ်စာတွေပို့ပါလိမ့်မယ်၊ဒါပေမယ့်အဖွဲ့တစ်ဖွဲ့ချင်းစီကလက်မှတ်ထိုးမလား၊မထိုးဘူးလားဆိုတာဆုံးဖြတ်ချက်အရင်ချရပါ
မယ်။”

“တိုင်းရင်းသားခေါင်းဆောင်အားလုံးက(NCA)မှာအားလုံးပါဝင်ကြဖို့တောင်းဆိုခဲ့ပါတယ်၊အဖွဲ့တိုင်းရဲ့လက်မှတ်နဲ့အတူခိုင်မာ
တဲ့သဘောတူညီမှုတစ်ခုကိုကျွန်တော်တို့အားလုံးလိုချင်ပါတယ် ” ဟုသူကကပြောခဲ့သည်။

“မူဝါဒအရအစိုးရကအားလုံးပါဝင်ဖို့သဘောတူညီချက်ကိုလက်ခံပါတယ်လို့သမ္မတကပြောခဲ့ပါတယ်၊ဒါပေမယ့်အဖွဲ့အားလုံးက
တော့တဆင့်ချင်းစီလုပ်ဆောင်ရမှာပါ၊အခြေအနေနဲ့အနေအထားအမျိုးမျိုးကွဲလွဲနေတာကြောင့်မို့လို့အဖွဲ့တွေက(NCA)ကို
လက်မှတ်ရေးထိုးဖို့ဘယ်လိုအဆင်သင့်ဖြစ်မဖြစ်နဲ့၊ဘယ်အချိန်မှာရေးထိုးမလဲဆိုတာကျွန်တော်တို့မပြောနိုင်ပါဘူး၊ဒါပေမယ့်
ဒီသူတို့ကိုပါထည့်သွင်းဖို့ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။”

ကနဦးလက်မှတ်ရေးထိုးပြီးနောက်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများတွင်လုံခြုံရေးပိုင်းဆိုင်ရာကိစ္စများကိုထည့်သွင်းဆွေးနွေး
မည်ဖြစ်သည်ဟုနော်မေဦး၏ပြောကြားချက်အရသိရှိရသည်၊သို့သော်လည်းလက်နက်ဖျက်သိမ်းခြင်းကိုတော့တဖြည်းဖြည်း
လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ဖြစ်သည်။

“တနေ့ကျရင်နှစ်ဖက်စလုံးကလက်နက်တွေအားလုံးကိုရုပ်သိမ်းလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်၊ဒါပေမယ့်ချက်
ချင်းကြီးတော့မဟုတ်ဘူးပေါ့”ဟုသူကပြောခဲ့သည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားဗုဒ္ဓဟူးနေ့၌ဆွေးနွေးမှုများပြုလုပ်နေစဉ်ရှမ်းပြည်နယ်မြောက်ပိုင်း၌အစိုးရတပ်နှင့်(TNLA)တို့
တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်၊ရှမ်းပြည်နယ်တောင်ပိုင်းတွင်အဓိကအင်အားကြီးမားသည့်အဖွဲ့ဖြစ်သောရှမ်းပြည်နယ်ပြန်
လည်ထူထောင်ရေးကောင်စီနှင့်ရှမ်းပြည်နယ်တပ်မတော်(RCSS/SSA)တို့နှင့်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

(TNLA)မှမိုင်အိုက်ကျော်၏ပြောပြချက်အရသူ၏အဖွဲ့သည်ပြီးခဲ့သည့်သုံးရက်ကကွတ်ခိုင်နှင့်ကျောက်မဲမြို့အနီးတွင်အစိုးရ
တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်စလုံးမှဒဏ်ရာရခဲ့ကြောင်းပြောခဲ့သည်။

(RCSS )မှပြောရေးဆိုခွင့်ရှိသူစိုင်းမိန်းကစက်တင်ဘာလ(၇)ရက်နှင့်(၈)ရက်တို့တွင်သူ၏အဖွဲ့နှင့်အစိုးရတပ်တို့အတွင်းကျောက်
မဲမြို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအစိုးရဖက်မှဗိုလ်မှူးတစ်ဦးနှင့်ဒဏ်ရာရသူ(၃)ဦးအပါအဝင်(၇)ဦးကျဆုံးကြောင်းအစီရင်ခံခဲ့သည်။
(RCSS/SSA)ဘက်မှထိခိုက်ဒဏ်ရာရသူ၊အကျအဆုံးမရှိကြောင်းပြောခဲ့သည်။

“အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပနေတဲ့အချိန်မှာထိုးစစ်ဆင်တာတွေ
မပြုလုပ်သင့်ပါဘူး”ဟုသူကထပ်ပေါင်းပြောခဲ့သည်။