မြန်မာအစိုးရတပ်မှလက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား

...

မြန်မာအစိုးရတပ်မှလက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား

Shanghai Daily, 15 Jul 2015

URL: http://www.shanghaidaily.com/article/article_xinhua.aspx?id=292625
လွန်ခဲ့သည့်နှစ်ရက်အလွန်၌ကရင်ပြည်နယ်အရှေ့တောင်ပိုင်း၊ကော့ကရိတ်မြို့နယ်တွင်ရှာဖွေစစ်ဆင်ရေးများပြုလုပ်နေစဉ်အတော
အတွင်းမြန်မာအစိုးရတပ်သည်ကျန်ရှိနေသေးသည့်ကလိုထူးဘောကရင်အဖွဲ့အစည်း(KKO)လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နှင့်တိုက်ပွဲ
ဖြစ်ပွားခဲ့သည်ဟုဗုဒ္ဓဟူးနေ့တွင်တာဝန်ရှိသူများ၏ထုတ်ပြန်ချက်အရသိရှိရသည်။

တိုင်းရင်းသားအဖွဲ့မှအသုံးပြုသည့်လမ်းနှစ်လမ်းကိုပြန်လည်ဖွင့်ပေးပြီးသည့်နောက်ကော့ကရိတ်မြို့တွင်းရပ်ကွက်များကိုအစိုးနှင့်နယ်
ခြားစောင့်တပ်မှကင်းလှည့်ခြင်းများပြုလုပ်နေသည့်အချိန်တွင်KKOမှ၎င်းတို့အားလက်နက်ကြီးများဖြင့်အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်း
ဖြစ်သည်။

တိုက်ပွဲဖြစ်နေစဉ်အတောအတွင်းအစိုးရမှKKOဘက်ကလက်နက်ခဲယမ်းမီးကျောက်များသိမ်းဆည်းရမိကာ၎င်းတို့အဖွဲ့ဝင်နှစ်ဦးကို
လည်းဖမ်းဆီးရမိသည်။

ကျော်သက်နှင့်စောဆန်းအောင်ခေါင်းဆောင်သောKKOအဖွဲ့သည်မြဝတီ-ကော့ကရိတ်အာရှလမ်းမသစ်ကြီးပေါ်တွင်ဖြတ်သန်းခဂိတ်
များထားရှိခဲ့သည်။ဒေသတွင်းအစိုးရမှရပ်တန့်ရန်ညွှန်ကြားချက်ပေးသော်လည်း၎င်းတို့မှကန့်သတ်ချက်များကိုဖီဆန်ခံခဲ့သည်။

ယခုလအစောပိုင်းတွင်အစိုးရတပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့ငယ်တို့အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည့်နောက်ယခုလတွင်အပ်နှံရန်အ
စီအစဉ်ရေးဆွဲထားသည့်အလျှောက်အာရှလမ်းမသစ်ကြီး၏မြဝတီ-ကော့ကရိတ်လမ်းကိုရှင်းလင်းမှုများပြုလုပ်နိုင်ခဲ့သည်။

တိုက်ပွဲဖြစ်နေစဉ်အတောအတွင်းအစိုးရပိုင်ရာဘာခြံထဲရှိအဆောက်အဦးနှစ်ခုမီးလောင်ခဲ့စဉ်တွင်လက်နက်ကိုင်တပ်ဘက်မှပစ်
လိုက်သောအမြောက်ဆံသည်အခြေခံအထက်တန်းပညာရေးစာသင်ကျောင်းသို့ကျေရောက်ပေါက်ကွဲခဲ့သည်။

အာရှလမ်းမသစ်ကြီးမြဝတီ-ကော့ကရိတ်လမ်းဆောက်လုပ်ရခြင်း၏ရည်ရွယ်ချက်သည်နယ်စပ်ဒေသများ၏ကုန်ပစ္စည်းစီးဆင်းမှု
လွယ်ကူချောမွေ့စေရန်ဖြစ်ပြီးနယ်ပယ်ဒေသနိုင်ငံများနှင့်ကမ္ဘာလည့်ခရီးသွားလာရေးမြှင့်တင်မှုတို့အကြားတွင်ရှိသောချိတ်ဆက်မှု
များကိုတိုးမြှင့်ပေးရန်ဖြစ်သည်။