မြန်မာစစ်တပ်နှင့်DKBAတိုက်ပွဲအပြန်အလှန်ဖြစ်ပွားမှုကြောင့်အာရှလမ်းမကြီးပိတ်လိုက်ရ

...

မြန်မာစစ်တပ်နှင့်DKBAတိုက်ပွဲအပြန်အလှန်ဖြစ်ပွားမှုကြောင့်အာရှလမ်းမကြီးပိတ်လိုက်ရ

Thai PBS, 03 Jul 2015

URL: http://englishnews.thaipbs.or.th/asia-highway-closed-as-myanmar-army-dkba-exchange-fire
မြန်မာနိုင်ငံအရှေ့ဘက်၌အစိုးရစစ်တပ်နှင့်တိုင်းရင်းသားကရင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမြန်မာအစိုးရမှအာရှ
လမ်းမကြီးကိုပိတ်လိုက်သည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတိုင်းရင်းသားပြည်နယ်၏အင်အားတောင့်တင်းသောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)
မှခွဲထွက်သွားသည့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့်မြန်မာအစိုးရတို့အတွင်းနံနက်ငါးနာရီခန့်တွင်အပြန်အလှန်တိုက်ပွဲ
များဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံနှင့်ဘန်ကောက်ကိုချိတ်ဆက်ပေးရန်တည်ဆောက်ထားသည့်အချက်အချာကျသည့်အဝေးပြေးလမ်းမသစ်ကိုကျော်ဖြတ်၍တိုင်း
ရင်းသားလက်နက်ကိုင်စစ်ကြောင်းအနီးတွင်အစိုးရစစ်ကြောင်းတပ်ဖြန့်လာခြင်းကြောင့်ပဋိပက္ခစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBA မှ
ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးလွန့်လုံးကပြောခဲ့သည်။

ကြာသာပတေးနေ့အစောပိုင်းတွင်စတင်ပစ်ခတ်ခဲ့ပြီးမွန်းလွဲချိန်မတိုင်မီတိုက်ပွဲဖြစ်သံများကြားနေရဆဲဖြစ်ကြောင်းကော့ကရိတ်ဒေသခံများ
ကပြောခဲ့သည်။

ထိုင်းနိုင်ငံနယ်စပ်ပေါ်ရှိမြဝတီအနီးအနားတွင်ခရီးဝေးကားမောင်းသူမှလမ်းမကြီးကိုဒီနေ့မနက်ကတည်းကပိတ်ထားလိုက်ပြီးဖြစ်သော်
လည်းဒေါနတောင်တန်းရှိ လမ်းဟောင်းကိုမူဖွင့်ထားဆဲဖြစ်ကြောင်းအတည်ပြုခဲ့ပြောဆိုခဲ့သည်။