အပစ်ရပ်ရေးအတွက်ပြင်ဆင်ချက်များကိုအစိုးရမှဆန်းစစ်ရန်လို- MPCမှဝါရင့်အကြံပေးပုဂ္ဂိုလ်

...

အပစ်ရပ်ရေးအတွက်ပြင်ဆင်ချက်များကိုအစိုးရမှဆန်းစစ်ရန်လို- MPCမှဝါရင့်အကြံပေးပုဂ္ဂိုလ်

The Global New Light of Myanmar, 12 Jun 2015

URL: http://issuu.com/yelay/docs/13_june_15_gnlm
မကြာသေးမီကပြုလုပ်ခဲ့သည့်လော်ခီးလာညီလာခံတွင်တိုင်းရင်းသားခေါင်းဆောင်များမှအဆိုပြုခဲ့သည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးစာချုပ်မူကြမ်းအတွက်ပြင်ဆင်ချက်များကိုအစိုးရမှစဉ်းစားသုံးသပ်ရမည်ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာရှိဝါရင့်အကြံပေးတစ်ဦး
ဖြစ်သူဦးလှမောင်ရွှေကသောကြာနေ့တွင်ပြောကြားခဲ့သည်။

ဦးလှမောင်ရွှေဦးဆောင်သည့်MPCအဖွဲ့သည်နိုင်ဟောင်ဆာ၊ပဒိုကွယ်ထူးဝင်းနှင့်တိုင်းရင်းလက်နက်ကိုင်အဖွဲ့များကိုကိုယ်စားပြုထား
သည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ညှိနှိုင်းရေးအသင်း၏တခြားအသင်းဝင်များနှင့်အတူကြာသာပတေးနေ့၌ချင်းမိုင်မြို့တွင်အလွတ်
သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

ပြင်ဆင်ချက်များကိုပြင်ရန်အဆိုပြုခဲ့သည့်စာချုပ်မူကြမ်းသည်မတ်လနောက်ဆုံးပိုင်းတွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
များမှငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးသူများကအတည်ပြုခဲ့ခြင်းဖြစ်သည်၊လော်ခီးလာရှိခေါင်းဆောင်များကမူကြမ်းတွင်မည်သည့်လက်
မှတ်ထိုးခြင်းမျိုးကိုမဆိုတိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်မှရမည်ဖြစ်ကြောင်းသဘောတူခဲ့ကြသည်။

“ကျွန်တော်အနေနဲ့နားလည်တာကတော့တိုင်းရင်းသားဘက်ကအတည်ပြုခဲ့တဲ့မူကြမ်းကို(အစိုးရရဲ့)ပြည်ထောင်စုငြိမ်းချမ်းရေးဖော်
ဆောင်ရေးဗဟိုကော်မတီနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ကနောက်ထပ်ပြင်ဆင်ချက်များကိုအတိအကျဆန်း
စစ်ဖို့အချိန်ပါပဲ”ဟုထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသည့်ဦးလှမောင်ရွှေကမြန်မာ့အလင်းသတင်းစာသို့ခပ်တိုတိုပြောကြားခဲ့သည်။

“အကောင်အထည်ဖော်ဆောင်ရွက်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တာကြောင့်တိုင်းရင်းသားဘက်ကပြန်လည်ပို့ပေးခဲ့တဲ့ငြိမ်းချမ်းရေးပြင်ဆင်ချက်
မူကြမ်းကိုအစိုးရဆီယူဆောင်သွားဖို့နဲ့NCCTကဘာတွေပြောလဲဆိုတာကိုငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအသင်းကိုဦးဆောင်တဲ့ဦး
အောင်မင်းဆီကိုအစီရင်ခံဖို့အတွက်ကျွန်တော်တို့အဲ့မှာရှိခဲ့ကြပါတယ်”ဟုဦးလှမောင်ရွှေကပြန်လည်ပြောပြခဲ့သည်။

NCA(တနိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်)မူကြမ်းတွင်အဆိုပြုခဲ့သည့်အချက်များနှင့်ပတ်သက်၍အချက်(၁၂)ချက်မှ(၇)ချက်ကိုနှစ်ဖက်
စလုံးအတွင်းနောက်ထပ်ဆွေးနွေးမှုများပြုလုပ်ရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း၎င်း၏အမြင်ကိုထုတ်ဖော်ပြောကြားခဲ့သည်။

ရရှိလာသည့်သတင်းများအရလော်ခီးလာညီလာခံတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှဖွဲ့စည်းခဲ့သည့်တနိုင်ငံလုံးဆိုင်ရာအပစ်
အခတ်ရပ်စဲရေးအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့်အစိုးရတို့အတွင်းအပစ်ရပ်ရေးအတွက်စာချုပ်မူကြမ်းကိုအပြီးသတ်နိုင်ဖို့
နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်ရက်သတ်မှတ်ထားခဲ့ခြင်းမရှိပေ။

ဦးလှမောင်ရွှေမှအစည်းအဝေးပြုလုပ်မည်၊မပြုလုပ်မည်ဆိုသည်မှာUPWC၏သဘောသာဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။