ကျောင်းစာသင်ခများအဆုံးသတ်လိုက်ခြင်းကိုမိဘများမှကြိုဆို

...

ကျောင်းစာသင်ခများအဆုံးသတ်လိုက်ခြင်းကိုမိဘများမှကြိုဆို

Myanmar Times, 02 Jun 2015

URL: http://www.mmtimes.com/index.php/national-news/14810-parents-welcome-end-of-school-fees.html
ပထမဦးဆုံးအကြိမ်အဖြစ်အခမဲ့ပညာသင်ကြားရေးကိုယခုနှစ်တွင်အထက်တန်းအထိတိုးချဲ့လိုက်ပြီးနိုင်ငံတစ်ဝှမ်းစာသင်ကျောင်း(၄)
သောင်းထက်မနည်းကိုကျောင်းလခလွတ်ဖြစ်စေသည်။

၎င်းအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့်ကလေးများကျောင်းကိုပိုမိုတာရှည်တက်ရောက်နိုင်ရန်ဖြစ်သည်၊ပညာရေးဝန်ကြီးဌာန
သည်မူလတန်းအခမဲ့ပညာသင်ကြားရေးကို၂၀၁၁-၁၂တွင်စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီးကျောင်းသုံးစာအုပ်များ၊လေ့ကျင့်ခန်းစာ
အုပ်ခြောက်အုပ်နှင့်မူလတန်းကျောင်းသားတစ်ဦးစီကိုကျပ်ငွေတစ်ထောင်ကျပ်စီထောက်ပံ့ပေးနေသည်။အလယ်တန်းအခမဲ့ပညာ
သင်ကြားရေးကိုယမန်နှစ်တွင်စတင်ခဲ့ပြီးယခုနှစ်တွင်အထက်တန်းပညာရေးသည်အခမဲ့ဖြစ်သည်။

“အခြေခံပညာရေးကျောင်းတွေမှာကျောင်းသားတွေကျောင်းအပ်တဲ့အခါဆရာ/ဆရာမတွေအတွက်ရော၊ကျောင်းသားနဲ့မိဘတွေအ
တွက်ရောအခက်အခဲတွေမရှိစေဖို့ပညာရေးဝန်ကြီးဌာနကရည်ရွယ်ပါတယ်။ဒီနှစ်မှာကျောင်းသားတွေကိုမနှစ်ကကျွန်တော်တို့ထောက်
ပံ့ပေးတဲ့ငွေကျပ်တစ်ထောင်အစားမူလတန်းကျောင်းသားတစ်ယောက်စီကိုကျောင်းဝတ်စုံတွေထောက်ပံ့ပေးပါတယ်။ပညာရေးဝန်ကြီး
ဌာနကအလယ်တန်းနဲ့အထက်တန်းကျောင်းသားတွေအတွက်ကျောင်းဝတ်စုံတွေကိုဒီနှစ်မှာထောက်ပံ့ပေးဖို့အတွက်စီစဉ်နေပါတယ်”
ဟုဝန်ကြီးဌာနရှိညွှန်ကြားရေးမှူးကပြောခဲ့သည်။

မိဘများမှစာသင်ခကဲ့သို့ကျောင်းသုံးစာရေးကိရိယာများ၊အားကစားများ၊စာကြည့်တိုက်၊(သို့)မိဘ-ဆရာအသင်းများစသည်တို့အတွက်
အခကြေးငွေများကိုလည်းမပေးရတော့ပေ။

“ဒီနှစ်သူငယ်တန်းမှာကျွန်မကလေးကျောင်းအပ်တာဘာကြေးမှမပေးခဲ့ရဘူး၊သူတို့လေ့ကျင့်ခန်းစာအုပ်(၆)အုပ်နဲ့ကျောင်းဝတ်စုံတစ်စုံ
ပေးတယ်။မနှစ်တုန်းကကျွန်မကလေးအကြီးတစ်ယောက်အတွက်ကျောင်းအပ်တာဝင်ကြေးပေးရတယ်၊အလှူအတွက်ဆိုပြီးထပ်ထည့်
ရတာရှိတယ်။အခမဲ့ပညာရေးဟာတကယ့်ကိုကောင်းတယ်လို့ကျွန်မထင်ပါတယ်”ဟုမေလ(၂၅)ရက်နေ့တွင်သူမ၏ကလေးကိုကျောင်း
အပ်ခဲ့သည်တာမွေမြို့နယ်မှမိဘတစ်ဦးဖြစ်သူဒေါ်မြတ်စန္ဒာကပြောခဲ့သည်။
“ဆယ်တန်းနဲ့ဆယ့်တစ်တန်းကိုကျောင်းအပ်တာကျွန်မကျောင်းလခမပေးခဲ့ရဘူး၊အားလုံးအဆင်ပြေပြေပဲ။အရင်တုန်းကကျောင်းလခ
ကတကယ့်ကိုများပါတယ်၊ကျောင်းလခမပေးရတာအရမ်းကောင်းပါတယ်။သူတို့အခမဲ့ပညာရေးစနစ်ကိုလုပ်လိုက်တာအချိန်တန်ပါပဲ”
ဟုလသာမြို့နယ်ရှိဒေါ်ဆွေဆွေသိန်းကပြောခဲ့သည်။

“ဒီနှစ်စတင်ကောင်းကောင်းလည်ပတ်နေပါပြီ”ဟုဗဟန်းကျောင်းတစ်ကျောင်းရှိကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောခဲ့သည်။ကလေး
တွေအတန်းအားလုံးကိုတက်ကြတယ်၊ဆရာ၊ဆရာမတွေလည်းနောင်နှစ်အတွက်အဆင်သင့်ဖြစ်နေပါပြီ။”

မေလ(၂၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော၂၀၁၄ခုနှစ်သန်းခေါင်စာရင်းရလဒ်၌မြန်မာနိုင်ငံရှိအသက်ဆယ်နှစ်အရွယ်ကလေး(၈၀)
ရာခိုင်နှုန်းသည်ကျောင်းတက်ကြသည်၊ယခင်ခန့်မှန်းခြေထက်အရေအတွက်တော်တော်မြင့်တက်လာသော်လည်းအသက်ဆယ့်ငါးနှစ်အ
ရွယ်ကျောင်းတက်သည့်အရေအတွက်သည်(၄၀)ရာခိုင်နှုန်းကျော်ကျဆင်းနေသည်။

လူဦးရေ၏(၈၉.၅)ရာခိုင်နှုန်းရှိသောအမျိုးသားစာတတ်မြောက်ခြင်းနှုန်းကိုတခြားတိုင်းပြည်များဖြင့်ပိုမိုကျယ်ကျယ်ပြန့်ပြန့်နှိုင်းယှဉ်လေ့
လာကြည့်ပါကထိုင်းနိုင်ငံတွင်ရှိသော(၉၃.၅)ရာခိုင်နှုန်းအောက်ရောက်ရှိနေသော်လည်းအိန္ဒိယနိုင်ငံရှိ(၆၂.၈)ရာခိုင်နှုန်းထက်ကောင်းစွာ
မြင့်နေသည်။