မြန်မာနိုင်ငံနယ်စပ်ဒေသများရှိတိုက်ပွဲများနှင့်ပက်သက်၍တိုင်းရင်းသားထိပ်သီးညီလာခံတွင်ဆွေးနွေးမည်

...

မြန်မာနိုင်ငံနယ်စပ်ဒေသများရှိတိုက်ပွဲများနှင့်ပက်သက်၍တိုင်းရင်းသားထိပ်သီးညီလာခံတွင်ဆွေးနွေးမည်

Irrawaddy News, 20 May 2015

URL: http://www.irrawaddy.org/burma/fighting-on-burmas-peripheries-to-be-at-center-of-ethnic-summit.html
ကရင်ပြည်နယ်ရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်ချုပ်ရာနယ်မြေတွင်ပြုလုပ်မည့်တိုင်းရင်းသားခေါင်းဆောင်များထိပ်သီးညီလာခံ၌
မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့တို့အတွင်းလက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများအကြောင်းကိုအစည်းအဝေး
တွင်ထိပ်ဆုံးထားဆွေးနွေးသွားမည်ဖြစ်သည်။

ညီလာခံကိုကရင်ပြည်နယ်ရှိလော်ခီးလာနယ်မြေတွင်ဇွန်လ(၂)ရက်မှ(၆)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ် ပြီးမြန်မာအစိုးရနှင့်
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်မြန်မာ့အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊တအောင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော်(TNLA)နှင့်ရက္ခိုင်တပ်မတော်တို့အနေဖြင့်မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်သည့်အခန်းကဏ္ဍ
နှင့်ပက်သက်ပြီးဦးတည်ထားဆွေးနွေးသွားမည်ဖြစ်သည်။

“ဒီအဖွဲ့သုံးဖွဲ့အရေးကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာညီလာခံမှာကျွန်တော်တို့ဆွေးနွေးပါမယ်။ဒါပေမယ့်အစိုးရဘက်ကသဘောထား
ကပိုအရေးကြီးလာပါတယ်။အစိုးရဘက်ကအားလုံးပါဝင်ဖို့လက်ခံတယ်ဆိုရင်ကျွန်တော်တို့အလုပ်လုပ်လို့ရပါတယ်”ဟုတစ်နိုင်ငံလုံး
ဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူခွန်ဥက္ကာမှဧရာဝတီသို့ထုတ်ဖော်ပြောဆိုခဲ့သည်။

အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့်NCCTနှင့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသ
ဘောတူစာချုပ်မူကြမ်းကိုလက်မှတ်ရေးထိုးခဲ့သည်။အစိုးရမှရှေ့ဆက်လုပ်ဆောင်မည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်အဖွဲ့သုံးဖွဲ့
ပါဝင်ရန်လိုလားမှုမရှိသော်လည်းတအောင်းTNLAအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည်NCCTအဖွဲ့ဝင်ဖြစ်ပြီးမြန်မာ့အမျိုး
သားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)နှင့်ရက္ခိုင်တပ်မတော်တို့မှာအဖွဲ့ဝင်များမဟုတ်ကြပေ။

သို့သော်လည်းတိုင်းရင်းသားခေါင်းဆောင်များသည်အစိုးရနှင့်အတူတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေး
ထိုးရာတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ပြီးအစိုးရနှင့်တိုက်ပွဲဖြစ်နေသည့်အဖွဲ့
များကိုပထမအဆင့်၌ပါဝင်နိုင်ခြင်းမရှိပါကသတ်မှတ်ကာလတစ်ခုအတွင်း၌အပစ်ရပ်ဆွေးနွေးနိုင်ရေးအာမခံချက်တစ်ခုရရှိလာ
နိုင်ရန်ညီလာခံ၌ရည်ရွယ်ထားသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးမှာတပြိုင်နက်ထဲမပါနိုင်သေးရင်တောင်တိုင်းရင်း
သားအဖွဲ့တွေနောင်အခါပါဝင်နိုင်ဖို့အတွက်အာမခံချက်ပေးဖို့လိုတယ်။အာမခံချက်တွေပေါ်လာရင်တော့အဲ့ဒီ့အာမခံချက်အပေါ်
ကျွန်တော်တို့နည်းလမ်းတွေရှာသွားနိုင်တာပေါ့။ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုမဆိုကျွန်တော်တို့ချန်မထားပါဘူး၊သို့
သော်လည်းစာချုပ်မှာလက်မှတ်ထိုးဖို့ကတော့တပြိုင်နက်ထဲဖြစ်ချင်မှဖြစ်မယ်”ဟုခွန်ဥက္ကကပြောခဲ့သည်။

NCCTဒုတိယဥက္ကဌပဒိုကွယ်ထူးဝင်းကလော်ခီးလာညီလာခံမှရလာသည့်ရလဒ်များကိုအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်
ရေးကော်မတီ(UPWC)ထံသို့တင်ပြသွားမည်ဖြစ်ပြီးအပစ်အခတ်ရပ်စဲရေးအတွက်အဓိကကျသည့်အချက်များကိုလည်းဦးတည်ထား
ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

“အဓိကအနေနဲ့အချက်(၂)ချက်ရှိတယ်။(၁)အချက်ကNCA(တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အပြီးသတ်မူကြမ်း)
ကိစ္စကိုပြန်တင်ပြပြီးUPWC ရဲ့အတည်ပြုချက်ယူရမှာပေါ့၊(၂)အချက်ကတော့နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာမူဘောင်ကို
တင်ပြပြီးရင်တော့သူတို့ရဲ့အတည်ပြုချက်ကိုရယူဖို့ဖြစ်တယ်”ဟုပဒိုကွယ်ထူးဝင်းကဧရာဝတီသို့ပြောခဲ့သည်။

တိုင်းရင်းသားထိပ်သီးညီလာခံကိုလော်ခီးလာ၌ကျင်းပလျှင်ကိုယ်စားလှယ်များကိုစေလွှတ်ရန်လုံခြုံရေးအခြေအနေအရအခက်အ
ခဲရှိကြောင်းMNDAAမှပြောဆိုခဲ့သော်လည်းကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်မြေဖြစ်သည့်လော်ခီးလာတွင်ညီ
လာခံကိုဦးဆောင်ကျင်းပမည့်KNUမှMNDAAအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အားလုံးကိုဖိတ်ကြားထားခဲ့ပြီးဖြစ်သည်။
KNUမှညီလာခံတွင်သတင်းလွတ်လပ်စွာယူနိုင်ရန်အတွက်ပြည်တွင်းပြည်ပသတင်းမီဒီယာများကိုလည်းဖိတ်ကြားသွားမည်ဟု၎င်း
ကပြောခဲ့သည်။

ပြီးခဲ့သည့်တိုင်းရင်းသားထိပ်သီးညီလာခံကိုလောခီးလာ၌၂၀၁၄ခုနှစ်၊ဇန်နဝါရီလတွင်ကျင်းပပြုလုပ်ခဲ့ပြီးလာမည့်တိုင်းရင်းသား
ထိပ်သီးညီလာခံသည်လောခီးလာတွင်ဒုတိအကြိမ်ကျင်းပခြင်းဖြစ်သည်။

နှစ်များအတွင်းနှစ်ဖက်ပဋိပက္ခများနှင့်ပက်သက်၍တိုက်ပွဲများဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီးနှစ်ဖက်စလုံးမှတပ်သားများအသေအ
ပျောက်ရှိခဲ့သည့်မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန်းအထူးဒေသတွင်MNDAA ၊TLNAနှင့်ရက္ခိုင်တပ်မတော်တို့ပူးပေါင်းကာ၂၀၁၄ခုနှစ်
ဖေဖော်ဝါရီလကတည်းကပင်မြန်မာအစိုးရတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။မတ်လနှောင်းပိုင်း၌ရခိုင်ပြည်နယ်တွင်အစိုးရ
နှင့်ရက္ခိုင်စစ်တပ်များအတွင်းတိုက်ပွဲအနည်းငယ်လည်းရုတ်တရက်ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ၏အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဒေသဖြစ်သည့်“ဝ”အထူးဒေသကြီးတွင်ယခုလအစောပိုင်း၌ကျင်းပ
သည့်ညီလာခံသို့အဖွဲ့သုံးဖွဲ့စလုံးမှကိုယ်စားလှယ်များစေလွှတ်ခဲ့ပြီး“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှတိုက်ပွဲဖြစ်နေသည့်
လက်နက်ကိုင်များကိုကူညီပံ့ပိုးပေးသည်ဟုကြေငြာခဲ့သည်။