ကျောက်မီသွေးစီမံကိန်းအလိုမရှိ၊တိုရိုထိုင်းကုမ္ပဏီအလိုမရှိ - မွန်ရွာသားများမှစက်ရုံအားစုရုံးကန့်ကွက်

...

ကျောက်မီသွေးစီမံကိန်းအလိုမရှိ၊တိုရိုထိုင်းကုမ္ပဏီအလိုမရှိ - မွန်ရွာသားများမှစက်ရုံအားစုရုံးကန့်ကွက်

Myanmar Times, 06 May 2015

URL: http://www.mmtimes.com/index.php/national-news/14307-no-coal-no-toyo-thai-mon-villagers-rally-against-plant.html
ပြည်ထောင်စုအစိုးရနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံရှင်များပါဝင်သည့်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အ
တွက်ဖက်စပ်စီမံကိန်းတစ်ခုသည်မွန်ပြည်နယ်ရှိဒေသတွင်းနေထိုင်သူများနှင့်သဘောထားကွဲလွဲ​ခဲ့သည်။ယမန်နေ့ကရွာသားခြောက်
ထောင်ခန့်သည်စီမံကိန်းကိုကန့်ကွက်ဆန္ဒ​ပြရန်အတွက်ရေးမြို့မှ(၁၀)ကီလို၊(၆.၂)မိုင်ခန့်ရှိသောအေဒင်ကျေးရွာ၌စုစည်းခဲ့ကြသည်။

ထိုင်းနိုင်ငံအခြေစိုက်ဂျပန်ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့်တိုရိုထိုင်းသည်လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက်မြန်မာ
အစိုးရနှင့်ဧပြီလ(၉)ရက်နေ့တွင်စီမံကိန်းဆောင်ရွက်မှုသဘောတူစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ရာတွင်ဒေသတွင်းရှိသူများမှတရား
မျှတမှုမရှိဟုပြစ်တင်ခဲ့ကြသည်။

လျှပ်စစ်ဝန်ကြီးဌာနှင့်သဘောတူညီမှုအောက်တွင်တိုရို-ထိုင်းမှရင်းနှီးမြှပ်နှံမှုစုစုပေါင်းယူအက်စ်ဒေါ်လာ(၂.၈)ဘီလီယမ်နှင့်အတူနှစ်
လမ်းမောင်း(၆၄၀)မီဂါဝပ်ကျောက်မီးသွေးစက်ရုံကိုတည်ဆောက်မည်ဖြစ်သည်ဟုကုမ္ပဏီထုတ်ပြန်ချက်အရသိရှိရသည်။

ကုမ္ပဏီနှင့်အစိုးရသည်၎င်းတို့၏စီမံကိန်းဆောင်ရွက်မှုနှင့်ပက်သက်၍လူထုကိုပွင့်ပွင့်လင်းလင်းပြောဆိုတာမျိုးမရှိဟုမြန်မာနိုင်ငံပွင့်
လင်းမြင်သာမှုနှင့်တာဝန်ခံမှုဖော်ဆောင်ရေးအရပ်ဖက်အဖွဲ့အစည်းမဟာမိတ်အဖွဲ့(MATA)၏ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်
ရာပုဂ္ဂိုလ်ကိုမင်းအောင်ထူးမှပြောသည်။

ယမန်နေ့၌ဧဒင်သို့သွားရာလမ်းအပြည့်တွင်စီတန်းလှည့်လည်ဆန္ဒပြရင်း“ကျောက်မီးသွေးစီမံကိန်းအလိုမရှိ”ဟုရေးထားသည့်လက်ကိုင်
ပိုစတာများ၊ဦးခေါင်းပုံနှင့်အရိုးကြတ်ခြေခတ်ပုံပိုစတာများဖြင့်ဆန္ဒထုတ်ဖော်ပြသ၍ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရန်အတွက်
တောင်းဆိုခဲ့ကြသည်။စုဝေးဆန္ဒထုတ်ဖော်ရာတွင်ပူးပေါင်းပါဝင်သူများသည်အလားတူဆိုင်းဘုတ်ပုံအမှတ်အသားများဖြင့်ပြခဲ့ကြပြီး“
ကျောက်မီးသွေးစီမံကိန်းအလိုမရှိ၊တိုရိုထိုင်းအလိုမရှိ-ငါတို့သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ကြ”ဟုဟစ်ကြွေးခဲ့ကြသည်။

မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်ဒေသတွင်းနေထိုင်သောသူများကိုကူညီပံ့ပိုးပေးရန်လည်းပြောကြားခဲ့ပြီးဆန္ဒပြပွဲတွင်တက်
ရောက်ခဲ့သည်။မွန်နိုင်ငံရေးပါတီများ၊အန်အယ်လ်ဒီနှင့်ရေးမြို့နယ်ရှိမြို့ပြလူမှုအဖွဲ့အစည်းများလည်းဆန္ဒထုတ်ဖော်ပြသပွဲတွင်ပါဝင်ခဲ့
ကြသည်။

ချောင်းဆုံမြို့နယ်အတွက်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦးမှ“အစိုးရအနေနဲ့ပြည်သူ့အသံကိုနားထောင်သင့်ကြောင်း၊
သူတို့ကတော့သူ့တို့နယ်မြေထဲမှာကျောက်မီးသွေးစီမံကိန်းလုပ်မှာမလိုလားကြောင်း”ပြောကြားခဲ့သည်။

“သူတို့ကဒေသခံတွေဆီကမြေကွက်တွေဝယ်တုန်းကငါးပုစွန်ကန်တွေလုပ်ဖို့ဝယ်တာလို့ပြောခဲ့တယ်၊နောက်မှတိုရိုထိုင်းနဲ့ပါတနာဆိုပြီး
ကြေငြာတာဟာမရိုးမသားလုပ်ဆောင်ခဲ့တယ်လို့ပဲကျွန်တော်ထင်ထယ်”ဟု၎င်းကပြောခဲ့သည်။

NLDရုံးခွဲဖြစ်သည့်ကျုံလောင်းရွာရှိအတွင်းရေးမှူးဦးကျော်သူမှအစိုးရအနေနဲ့လျှပ်စစ်မီးပံ့ပိုးပေးဖို့အတွက်“ပိုမိုကောင်းမွန်တဲ့နည်းလမ်း
တစ်ခု”ကိုရှာဖို့လိုအပ်ခဲ့ကြောင်းပြောခဲ့သည်။ဓာတ်အားပေးစက်ရုံဟာကျွန်တော်တို့ဒေသမှာရှိတဲ့မြေဆီလွှာ၊လေထုနဲ့ရေထုကိုညစ်ညမ်း
စေနိုင်ပါတယ်။”