အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးမီမြန်မာတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်၌ချုပ်ခွင့်ရရှိရန်လိုလား

...

အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးမီမြန်မာတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်၌ချုပ်ခွင့်ရရှိရန်လိုလား

Business Insider, 06 May 2015

URL: http://www.businessinsider.com/r-myanmar-rebel-leaders-want-greater-autonomy-before-signing-ceasefire-2015-5
ဗုဒ္ဓဟူးနေ့တွင်မြန်မာတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များသည်အစိုးရအားတိုင်းရင်းသားလူနည်းစုများကိုပို၍​ကြီးမားသော​
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်အတွက်စစ်တပ်မှရေးဆွဲထားသောအခြေခံဥပဒေကိုပြင်ဆင်ပေးရန်တိုက်တွန်းခဲ့ကြသည်၊၎င်းတို့တောင်း
ဆိုသည့်အဆင့်တစ်ဆင့်သည်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုးရန်အတွက်ပိုမိုလွယ်ကူ
စေလိမ့်မည်ဖြစ်သည်။

တရုတ်နယ်စပ်ပေါ်ရှိပန်ဆန်း၌ခြောက်ရက်ကြာကျင်းပသောညီလာခံအဆုံးပိုင်းတွင်ထုတ်ပြန်ကြေငြာခဲ့သည့်ကြေငြာချက်၌မြန်မာနိုင်
ငံရှိတိုင်းရင်းသားအဖွဲ့အမျိုးမျိုးမှတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များသည်စစ်တပ်မှ၎င်းတို့အပေါ်ထိုးစစ်ဆင်တိုက်ခိုက်သည် များကိုရပ်တန့်ပေးရန်နှင့်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ပေးရန်အစိုးရထံတောင်းဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များသည်မတ်လတွင်အပြီးသတ်ပြုလုပ်ခဲ့သည်(၂)နှစ်နီးပါးညှိနှိုင်းဆွေးနွေးခဲ့သောအပစ်
ခတ်ရပ်စဲရေးစာချုပ်ကိုဆွေးနွေးရန်အတွက်အင်အားကြီးမားသော(ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်တွင်စုဝေးခဲ့
ကြသည်။

(၄၉)နှစ်ကြာစစ်တပ်စည်းမျဉ်းဖြင့်အုပ်ချုပ်လာပြီးနောက်မြန်မာအရပ်သားတစ်ဝက်အစိုးရသည်၁၉၄၈ခုနှစ်ကတည်းကအုပ်စုအများ
အပြားနှင့်ပဋိပက္ခဖြစ်ပွားမှုများကိုအဆုံးသတ်ရန်အတွက်ယခုနှစ်ထက်နောက်မကျစေပဲရွေးကောက်ပွဲမတိုင်မီတစ်နိုင်ငံလုံးဆိုင်ရာ
အပစ်ခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးချင်ကြောင်းပြောခဲ့သည်။

"တကယ်လို့ကျွန်တော်တို့တောင်းဆိုထားတဲ့၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုရင်ဒီမိုကရေစီ၊တိုင်းရင်းသားတန်းတူညီတူရေးတို့
ကိုဆောင်ယူလာနိုင်ပြီးကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်အခွင့်အရေးတွေဆောင်ယူလာနိုင်ပါတယ်၊ကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်
စုမှာအတူတကွနေနိုင်တယ်မလား"ဟုထုတ်ပြန်ကြေငြာရာတွင်တိုင်းရင်းသားခေါင်းဆောင်များကပြောကြားခြင်းဖြစ်သည်။

တရုတ်နယ်စပ်အရှေ့ပိုင်းတွင်မကြာသေးမီကဖြစ်ပွားခဲ့သောတိုက်ပွဲသည်တရုတ်ဟန်တိုင်းရင်းသားအဖွဲ့ဖြစ်သည့်ရှမ်းပြည်အရှေ့ပိုင်း
အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)ဟုခေါ်ဆိုသည့်အဖွဲ့သည်မြန်မာတပ်ကြောင်းများနှင့်ဟိုတစ်စဒီတစ်စဆန့်ကျင်
တိုက်ပွဲများဖြစ်ပွားခဲ့သည်။

MNDAA တလျှောက်တွင်TNLA နှင့်ရက္ခိုင်တပ်မတော်တို့သည်တိုက်ပွဲများတိုက်ခိုက်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ညီလာခံအပြီးထုတ်ပြန်ကြေငြာချက်တွင်တိုင်းရင်းသားခေါင်းဆောင်များမှအနာဂတ်တွင်ပြုလုပ်မည့်ညှိနှိုင်းဆွေးနွေးပွဲများ
တွင်TNLAနှင့်ရက္ခိုင်တပ်မတော်တို့ကိုပါထည့်သွင်းရန်အစိုးရထံတောင်းဆိုခဲ့သည်။