မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရန်ကုန်တွင်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲပြန်လည်စတင်

...

မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရန်ကုန်တွင်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲပြန်လည်စတင်

English.news.cn, 22 Sep 2014

URL: http://news.xinhuanet.com/english/world/2014-09/22/c_133662331.htm
ရန်ကုန်၊စက်တင်ဘာ(၂၂)ရက်၊၂၀၁၄(ရှင်ဟွာ)---မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်၎င်းတို့၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(၆)ကြိမ်မြောက်ညှိနှိုင်းဆွေး
နွေးပွဲကိုရန်ကုန်မြို့၌တနင်္လာနေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီးယခင်ဆွေးနွေးပွဲများတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း၏၁၀၄ချက်မှကျန်ရှိနေသော(၅)ချက်ကိုအာရုံစိုက်ဆွေး
နွေးခဲ့သည်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)တို့အတွင်း
ဆွေးနွေးမှုများတွင်လွှတ်တော်ဝင်များနှင့်စစ်တပ်လည်းပါဝင်သည်

သမ္မတရုံးမှဝန်ကြီးဖြစ်သူUPWCဒုတိယဥက္ကဌဦးအောင်မင်းမှမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်အရေးကြီးသောအဆင့်သို့ဖြစ်ပေါ်တိုးတက်လာပြီဖြစ်ပြီးမြန်မာ့သမိုင်းတွင်တနိုင်ငံလုံး
ဆိုင်ရာအပစ်အခတ်ရပ်စဲရေးတခါမှမပေါ်ပေါက်ခဲ့ဖူးကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ကြိုးစားနေတာဟာအပစ်အခတ်ရပ်စဲရေးစာချုပ်မှာလက်မှတ်ရေးထိုးနိုင်ဖို့တခုတည်းသာမဟုတ်ပဲအနာဂတ်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေအတွက်အခြေခံစနစ်အခိုင်အမာချပြနိုင်
ဖို့လည်းဖြစ်ပါတယ်”ဟုသူကပြောသည်။

တိုင်းပြည်၏ကံကြမ္မာကိုညွှန်ပြနေပြီးပြည်သူများမှငြိမ်းချမ်းရေးလုပ်ဆောင်သည့်အဖွဲ့နှစ်ဖွဲ့ခေါင်းဆောင်များအပေါ်စိတ်ပါဝင်စားနေကြကာငြိမ်းချမ်းရေးအတွက်တံခါးကိုအစိုးရနှင့်တိုင်းရင်းသား
အဖွဲ့များမှဖွင့်လှစ်လိုက်ပြီဖြစ်ပြီးNCCTခေါင်းဆောင်နိုင်ဟံသာမှနိုင်ငံတွင်ငြိမ်းချမ်းရေးရရှိရန်အတွက်အခွင့်အလမ်းနှင့်ကြိုးစားအားထုတ်မှုများနှင့်ပက်သက်၍အလေးထားမှုကိုတောင်းဆိုခဲ့
သည်။

နှစ်ဘက်စလုံးမှအငြင်းပွားသည့်အကြောင်းအရာအများအပြားကိုနှစ်ဘက်အကြားအများထောက်ခံမှုတော်တော်များများရရှိပြီးသည့်နောက်ပိုင်းတွင်သြဂုတ်လ၌ကျင်းပခဲ့သော(၅)ကြိမ်မြောက်အ
စည်းအဝေးတွင်အရေးကြီးသောဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ပြီးတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အပြီးသတ်နိုင်အောင်ရှေ့ဆက်ဆောင်ရွက်နေသည်။

နောက်ဆုံးအကြိမ်တွေ့ဆုံချိန်အတွင်းအစိုးဘက်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတောင်းဆိုထားသည့်ဒီမိုကရေဒီအခွင့်အရေးကိုအစိုးရမှအာမခံချက်ပေးမည့်ဖက်ဒရယ်ပြည်ထောင်စုတည်
ထောင်ရေး၊တန်းတူညီတူရှိရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့ကိုအစိုးရဘက်မှအဓိကလိုက်လျောမှုအနေဖြင့်လိုက်လျောပေးခဲ့သည်။

လက်နက်ကိုင်အဖွဲ့များမှလည်းအစိုးရ၏တသတ်မတ်တည်းဖြစ်သည့်စည်းမျဉ်းစည်းကမ်းများဖြစ်သောပြည်ထောင်စုမပြိုကွဲရေး၊အမျိုးသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုသဘောတူညီခဲ့သည်။