ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးဟောပြောပွဲများအရှိန်ကောင်းလာ

...

ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးဟောပြောပွဲများအရှိန်ကောင်းလာ

Democratic Voice of Burma, 11 Jun 2014

URL: http://www.dvb.no/news/constitutional-reform-campaign-builds-steam-burma-myanmar/41409
၈၈မျိုးဆက်ခေါင်းဆောင်တွေဖြစ်တဲ့ဦးမင်းကိုနိုင်နဲ့ကိုကိုကြီးတို့သည်စစ်ကိုင်းတိုင်းမုံရွာမြို့နှင့်တင်္နသာရီတိုင်း၊မြိတ်မြို့တွေမှာ၂၀၀၈ခု​နှစ်​ဖွဲ့စည်းပုံပုဒ်မ(၄၃၆)ပြင်ဆင်ရေးလူထုဟောပြောစည်းရုံးမှုတွေယနေ့ပြုလုပ်ခဲ့သည်။

မုံရွာမြို့လူထုဟောပြောပွဲပုဒ်မ(၄၃၆)ပြင်ဆင်ရေးအမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်အဲန်အယ်လ်ဒီနှင့်(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းကျင်းပတဲ့လူထုဟောပြောပွဲကိုစစ်ကိုင်း​တိုင်း၊မုံရွာမြို့မှာ ဒီကနေ့ကျင်းပခဲ့ပြီးလူတစ်သောင်းလောက်တက်ရောက်ခဲ့သည်ဟုစစ်ကိုင်းတိုင်းအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌဒေါက်တာမြင့်နိုင်ကပြောသည်။မုံရွာဟောပြောပွဲ၌အဖွဲ့ချုပ်ဗဟိုမှဦးထွန်းထွန်းဟိန်း၊(၈၈)ပွင့်လင်းအ ဖွဲ့အစည်းမှဦးကိုကိုကြီးနှင့်ခရိုင်အလုပ်အမှုဆောင်ဒေါ်သီတာဝင်းတို့ဟောပြောခဲ့ကြသည်။

အလားတူတင်္နသာရီတိုင်းမြိတ်မြို့နယ်မှာလည်းပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲကိုအောက်တောရကျောင်းမှာကျင်းပခဲ့ပြီးလူနှစ်ထောင်လောက်တက်ရောက်ခဲ့ကြသည်။ဒီဟောပြောပွဲတွင်(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်ဦးမင်းကိုနိုင်၊အဖွဲ့ချုပ်ဗဟိုကဦးဌေး၊ဦးစိန်ညွန့်၊ဦးထိန်လင်းဦးနှင့်တင်္နသာရီတိုင်းအဖွဲ့ချုပ်လူငယ်တာဝန်ခံကိုဥက္ကမင်းတို့ပါဝင်ဟောပြောခဲ့သည်။

လာမည့်ဇွန်လ(၁၄)ရက်နေ့မှာလည်းတင်္နသာရီတိုင်း၊ကော့သောင်းမြို့၌ပုဒ်မ(၄၃၆)ပြင်ဆင်ရေးပြောရန်ရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဦးဆောင်ကျင်းပသည့်
၂၀၀၈ခု​နှစ်​ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲကိုမေလ(၁၇)ရက်နေ့မှစပြီးရန်ကုန်မြို့မှာစတင်ကျင်းပခဲ့ပြီး(၁၈)ရက်နေ့မှာတော့မန္တလေးမြို့မှာကျင်းပခဲ့သည်။ထို့နောက်တိုင်းနှင့်ပြည်နယ်အသီးသီးတို့​ကို လိုက်လံဟောပြောနေတာဖြစ်သည်။