အပစ်အခတ်ရပ်စဲရေးတွင်မပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုကေအဲန်ယူမှစည်းရုံးမည်

...

အပစ်အခတ်ရပ်စဲရေးတွင်မပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုကေအဲန်ယူမှစည်းရုံးမည်

Eleven Media, 07 Jun 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6383:knu-to-lobby-ethnic-armed-groups-for-ceasefire&catid=32:politics&Itemid
ကရင်အမျိုးသားအစည်းအရုံးသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်းတွင်ပါဝင်သောသူများနှင့်ပါဝင်ခြင်းမရှိသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုတနိုင်ငံလုံးဆိုင်ရာအပစ်
အခတ်ရပ်စဲရေးဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်အတွက်လက်ခံယုံကြည်လာအောင်ကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်နေပြည်တော်၌ကရင်အမျိုးသားအစည်းဥက္ကဌစောမူတူးစေးဖိုးခေါင်းဆောင်သောကေအဲန်ယူကိုယ်စားလှယ်များသည်သမ္မတဦးသိန်းစိန်နှင့်ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့နှင့်တွေ့ဆုံခဲ့ကြသည်။

"ကျွန်တော်တို့လုပ်ဆောင်ရမည့်အရာအများအပြားရှိပါတယ်။ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့အတူပြုလုပ်မယ့်လာမယ့်အစည်းအဝေးမှာအစိုးရနဲ့စစ်တပ်ရဲ့ယူဆချက်တွေကိုကျွန်တော်တို့မျှဝေကြပါ
မယ်။သူတို့ယုံကြည်လက်ခံအောင်ကျွန်တော်တို့လုပ်မှာပါ။အပစ်အခတ်ရပ်စဲရေးကိုအကောင်အထည်ဖော်နိုင်ဖို့အတွက်ကျွန်တော်တို့သူတို့နဲ့တိုက်ရိုက်ညှိနှိုင်းပြီးသူတို့ယုံကြည်လက်ခံလာအောင်လုပ်မှာ
ပါ။တိုင်းရင်းသားအဖွဲ့တွေနဲ့ကျွန်တော်တို့တွေ့တဲ့အခါNCCTအဖွဲ့မှာအဖွဲ့ဝင်အဖြစ်မပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ဝ နဲ့မုန်းလနယ်မြေတွေကိုသူတို့နဲ့တွေ့ဖို့ကျွန်တော်တို့သွားမှာ
ပါ။ကျွန်တော်တို့အဲ့လိုသွားတွေ့ရမယ့်အကြောင်းပြချက်ကတော့ကေအဲန်ယူကငြိမ်းချမ်းရေးလုပ်ငန်းတွေတည်ဆောက်ရာမှာတနိုင်ငံလုံးကိုပါဝင်စေချင်လို့ပါ"ဟု၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

အစိုးရနှင့်NCCTသည်ခြောက်လအကြာငြိမ်းချမ်းရေးဆွေးနွေးမှုများပေါ်တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဒုတိယမူကြမ်းကိုအကောင်အထည်ဖော်ဆွေးနွေးရန်အတွက်သဘောတူညီချက်
ရရှိနေပြီဖြစ်သည်။

NCCTအဖွဲ့တွင်မပါဝင်ပဲကိုယ်စားလှယ်အနေဖြင့်တက်ရောက်လာကြသည့်လက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှာ-“ဝ”ပြည်သွေးစည်းညီညွတ်ရေးကော်မတီ(UWSA)၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ
/ရှမ်းပြည်တောင်ပိုင်းတပ်မတော်(RCSS/SSA)၊အမျိုးသားဒီမိုကရက်တစ်ပူးပေါင်းရေးတပ်မတော်၊နာဂမြေ-ဖလမ်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)နှင့်မြန်မာနိုင်လုံးဆိုင်ရာကျောင်း
သားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့သည်ဧပြီလတွင်ကျင်းပသောအစိုးရနှင့်NCCTအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပါဝင်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်NCCTအဖွဲ့ဝင်မဟုတ်သူများ၏ပါဝင်လာမှုအရေးကြီးပုံကိုNCCTခေါင်းဆောင်များမှမီးမောင်းထိုးပြခဲ့သော်လည်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်
တွင်အဖွဲ့ဝင်မဟုတ်သောသူများမှပါဝင်လက်မှတ်ရေးထိုးမည်မရေးထိုးမည်ကိုမူသေချာမှုမရှိပေ။

NCCTသည်အစိုးရနှင့်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုအတူတကွစေ့စပ်ညှိနှိုင်းနေသည့်လက်နက်ကိုင်အဖွဲ့ဆယ့်ခြောက်ဖွဲ့ဖြင့်ပေါင်းစည်းဖွဲ့စည်းထားခြင်းဖြစ်သည်။