ကေအဲန်ယူနှင့်အစိုးရဆွေးနွေးပွဲတွင်အစိုးရမှတပ်စုတချို့ ရုပ်သိမ်းပေးရန်ကတိပေး

...

ကေအဲန်ယူနှင့်အစိုးရဆွေးနွေးပွဲတွင်အစိုးရမှတပ်စုတချို့ ရုပ်သိမ်းပေးရန်ကတိပေး

Irrawaddy News, 05 Jun 2014

URL: http://www.irrawaddy.org/burma/knu-govt-talks-yield-troop-withdrawal-pledge.html
ယခုတပတ်နေပြည်တော်တွင်အဆင့်မြင့်ဆွေးနွေးပွဲများအစဉ်လိုက်ကျင်းလာသည့်အချိန်အတောအတွင်းမြန်မာအစိုးရသည်မြန်မာပြည်အရှေ့ဘက်ခြမ်းတွင်ရှိသောကရင်တိုင်းရင်းသားလက်နက်
ကိုင်တပ်များထိန်းချုပ်ရာနယ်မြေအနီးအနားတွင်ရှိသည့်၎င်းတို့၏တပ်စုတချို့ကိုရုပ်သိမ်းပေးရန်သဘောတူညီခဲ့သည်ဟုကရင်အမျိုးသားအစည်းအရုံး၏တရားဝင်ပြောကြားချက်အရဖြစ်သည်။

ယခုအပတ်တွင်ကျင်းပသောအစည်းအဝေး၏ရည်ရွယ်ချက်သည်စစ်တပ်၊အစိုးရနှင့်လွှတ်တော်တို့နှင့်အတူအပြုသဘောဆောင်သည့်“သုံးပွင့်ဆိုင်အချီချဆွေးနွေးရန်”ဖြစ်သည်ဟုကရင်အမျိုးသား
အစည်းအရုံးအထွေထွေအတွင်းရေးမှူးဖြစ်သူပဒိုစောကွယ်ထူးဝင်းကပြောခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးဥက္ကဌမူတူးဆေးဖိုးဦးဆောင်သောကရင်ကိုယ်စားလှယ်များသည်ဗုဒ္ဓဟူးနေ့တွင်သမ္မတဦးသိန်းစိန်နှင့်မြန်မာစစ်တပ်ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း
အောင်လှိုင်တို့နှင့်တွေ့ဆုံခဲ့သည်။ကြာသာပတေးနေ့တွင်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူဦးရွှေမန်းနှင့်တွေ့ဆုံရန်အစီအစဉ်ချထားခဲ့သည်။

စောကွယ်ထူးဝင်း၏ပြောကြားချက်အရအစိုးရမှကေအဲန်ယူထိန်းချုပ်ရာနယ်မြေအနီးအနားတွင်ရှိသော၎င်းတို့၏တပ်စုအချို့ကိုရုပ်သိမ်းပေးရန်သဘောတူညီခဲ့သည်။ကေအဲန်ယူတောင်းဆိုမှုများ
ကိုတုံ့ပြန်ပေးခဲ့ခြင်းဖြစ်ပြီးထိုကဲ့သို့ကတိပေးခြင်းသည်အစိုးရအနေနှင့်ပထမဆုံးအကြိမ်မဟုတ်တော့ပေ။လုပ်ဆောင်ရာတွင်မည်သို့အကောင်အထည်အဖော်ဆောင်ရွက်မည်ဆိုသည်ကိုရှင်းလင်းမှု
မရှိချေ။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပေါ်မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်စိတ်စားမှုအများဆုံးရှိကြသည့်အဖွဲ့များထဲမှတစ်ခုဖြစ်သောကရင်တော်လှန်ရေးခေါင်းဆောင်များ
နှင့်အစိုးရကိုယ်စားလှယ်အဖွဲ့များအတွင်းဆက်ဆံရေးသည်ရင်းနှီးသောဆက်ဆံရေးဖြစ်ပေါ်လာသည်။မြန်မာသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်သည်၎င်း၏ဖေ့(စ်)ဘုတ်(ခ်)စာမျက်နှာတွင်
၎င်းသည်KNLAမှစစ်ဦးစီးချုပ်ဗိုလ်ချုပ်နှင့်တွေ့ရသည်ကို၎င်းအ နေနှင့်ကျေနပ်ဝမ်းသာခဲ့သည်ဟုပြောခဲ့သည်။စောဂျွန်နီသည်ခရာကျသောသူတစ်ယောက်ဖြစ်သည်။

နေပြည်တော်တွင်ကျင်းပသောလက်ရှိအစည်းအဝေးတွင်သမ္မတရုံးမှဝန်ကြီးဦးအောင်မင်းကဲ့သို့တခြားသောအစိုးရအရာရှိများ၊အစိုးရ၏အဓိကကျသောငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးသူများနှင့်လူ
ဝင်မှုကြီးကြပ်ရေးမှဦးခင်ရီတို့တက်ရောက်ခဲ့ကြသည်။ကေအဲန်ယူကိုယ်စားလှယ်များဖြစ်သောမန်းငြိမ်းမောင်၊ဗိုလ်မှူးကြီးစောရော်ဂျာနှင့်ဗိုလ်မှူးကြီးထူးထူးလေးတို့ကဲ့သို့ကေအဲန်ယူဗဟိုကော်မတီ
ဝင်များလည်းပါဝင်ကြသည်။