တိုင်းရင်းသားလက်နက်ကိုင်များနှင့်နိုင်ငံရေးအချီချဆွေးနွေးပြီးနောက်ပိုင်းမှသာဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲသင့် - ဦးသိန်းစိန်

...

တိုင်းရင်းသားလက်နက်ကိုင်များနှင့်နိုင်ငံရေးအချီချဆွေးနွေးပြီးနောက်ပိုင်းမှသာဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲသင့် - ဦးသိန်းစိန်

Irrawaddy News, 02 Jun 2014

URL: http://www.irrawaddy.org/burma/charter-must-amended-dialogue-ethnic-rebels-thein-sein.html
ရန်ကုန်-သမ္မတဦးသိန်းစိန်မှဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲခြင်းသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးအစိုးရနှင့်နိုင်ငံ၏တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူနိုင်ငံရေးအချီချဆွေးနွေးပွဲတွေလုပ်ပြီးမှသာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

စနေနေ့တွင်ဦးစွာအသံလွှင့်ခဲ့သော၎င်း၏လစဉ်ရေဒီယိုမိန့်ခွန်းတွင်ပြောကြားခဲ့ခြင်းဖြစ်ပြီးဦးသိန်းစိန်မှ၂၀၀၈ခုနှစ်တွင်ယခင်စစ်အစိုးရရေးဆွဲထားသောဖွဲ့စည်းပုံအခြေခံပုံဥပဒေကိုပြောင်း
လဲရန်အတွက်၎င်း၏ထောက်ခံမှုကိုအခိုင်အမာပြောကြားခဲ့သည်။

“ကျွန်တော်တို့အခြေခံစည်းကမ်းတွေဖြစ်တဲ့လူနေမှုဘဝ၊နိုးကြားနေတဲ့အခြေခံဥပဒေတို့ဟာလူမှုအဖွဲ့အစည်းရဲ့နိုင်ငံရေး၊စီးပွားရေးနဲ့လူမှုရေးလိုအပ်မှုများနဲ့အ တူစိတ်တူကိုယ်တူဖြင့်မှန်
ကန်တဲ့အခြေအနေနဲ့သင့်တော်တဲ့အချိန်အောက်မှာအပြောင်းအလဲများနဲ့ပြောင်းလဲဖြစ်ပေါ်မှုများကိုအမြဲပြုလုပ်ရမှာပဲဖြစ်ပါတယ်။”ဟု၎င်းမှပြောကြားခဲ့သည်ကိုမြန်မာ့အလင်းသတင်းစာ
တွင်မိန့်ခွန်းအားအင်္ဂလိပ်ဘာသာဖြင့်ဘာသာပြန်ပုံနှိပ်ဖော်ပြထားခြင်းအရဖြစ်သည်။

“နိုင်ငံရေးအချီချဆွေးနွေးမှုတွေပြုလုပ်တဲ့အချိန်အတောအတွင်းရရှိတဲ့သဘောတူညီမှုတွေ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခန်းကဏ္ဍအရေးပါလာမှုတွေဟာအခြေခံဥဒေပြောင်းလဲဖို့အတွက်
လိုအပ်လာပါလိမ့်မယ်”ဟုတိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ကိုယ်စားလှယ်များနှင့်အစိုးရစေ့စပ်ညှိနှိုင်းသူများမှတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပေါ်သဘောတူညီပြီးနောက်ပိုင်း
ဆွေးနွေးမှုများကိုရည်ညွှန်းကာသမ္မတမှပြောကြားခဲ့သည်။

ခြောက်လနှောင့်နှေးကြန့်ကြာမှုများသည်တခြားနိုင်ငံများမှငြိမ်းချမ်းရေးလုပ်ဆောင်မှုများပြုလုပ်ရာတွင်ယူသည့်အချိန်နှင့်နှိုင်းယှဉ်လျှင်ခြောက်လနှောင့်နှေးကြန့်ကြာမှုသည်တိုတောင်းပါ
သည်ဟုပြောကြားရင်းဦးသိန်းစိန်မှ လည်းအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်မှုအချိန်ကြာမြင့်စွာယူခြင်းအပေါ်စိုးရိမ်ပူပန်မှုများကိုလျော့ကျစေခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရာမှပါဝင်တဲ့သူတိုင်းဟာကိုယ်ကျင့်တရားကောင်းပြီးစိတ်စေတနာရှိဖို့လိုအပ်ပါတယ်”ဟု၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီမှဒုတိယဥက္ကဌဖြစ်သူစိုင်းစောသန်းမြင့်မှနိုင်ငံရေးအချီချဆွေးနွေးမှုများသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရာတွင်အကျိုးရလဒ်ရှိလာမည်ဟုသမ္မတမှအရိပ်အ
မွှတ်ပြောခြင်းကိုကြိုဆိုလိုက်သည်။