အပစ်အခတ်ရပ်စဲရေးပြီးနောက်ပိုင်းနိုင်ငံရေးဆွေးနွေးမှုများပြုလုပ်မည်

...

အပစ်အခတ်ရပ်စဲရေးပြီးနောက်ပိုင်းနိုင်ငံရေးဆွေးနွေးမှုများပြုလုပ်မည်

THE NATION, 14 May 2014

URL: http://www.nationmultimedia.com/aec/Political-dialogue-to-be-discussed-after-ceasefire-30233633.html
အစိုးရ၏ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)၏ဒုတိယဥက္ကဌဝန်ကြီးဦးအောင်မင်းမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားအပစ်အခတ်ရပ်စဲရေး​
သဘောတူညီချက်နှင့်အတူရှေ့ဆက်ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုက်ပြီးအပစ်အခတ်ရပ်စဲရေးအောင်မြင်ပြီးနောက်ပိုင်းတွင်နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများလုပ်ဆောင်မည်ဖြစ်
ကြောင်းကတိပေးပြောကြားခဲ့သည်။

မကြာသေးမီကဖြစ်ပွားခဲ့သောတိုက်ပွဲများကိုမည်သို့မည်ပုံအဆုံးသတ်ရမည်ဆိုသည်နှင့်နေရပ်စွန့်ခွာထွက်ပြေးသည့်အိမ်ထောင်စုများပြန်လည်အခြေချမှုများကိုကချင်လွတ်မြောက်ရေးအဖွဲ့နှင့်
ဆွေးနွေးခဲ့ပြီးနောက်ပိုင်းတွင်သမ္မတမှကိစ္စအားလုံးအပေါ်တွင်အချုပ်အချာအာဏာကို​ထိ​ပါး​စေ​မည့်​အ​ရာများမှလွဲ​၍​တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူနိုင်ငံရေးဆွေးနွေးမှုများ
ကျင်းပရန်လမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းဝန်ကြီးမှအတည်ပြုပြောကြားခဲ့သည်။

“တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုအစိုးရနဲ့NCCTလက်မှတ်ထိုးပြီးတဲ့အခါမှာနိုင်ငံရေးအချီချဆွေးနွေးပွဲတွေကိုရက်ပေါင်း၉၀အတွင်းပြုလုပ်ဖို့ကျွန်တော်တို့သဘောတူညီထားနှင့်ပြီးပါ
ပြီ။ဒီအချက်ဟာပထမမူကြမ်းအကြမ်းထဲမှာကတည်းကပဲပြောထားပြီးသားပါ။ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးမှုလုပ်မလားမလုပ်ဘူးလားဆိုတာကိုကျွန်တော်တို့ကိုမေးစရာတောင်မလိုတော့ပါ
ဘူး”ဟုဦးအောင်မင်းမှပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနှောင့်နှေးမှုများအပေါ်အာရုံမစိုက်သင့်ကြောင်း၎င်းမှပြောခဲ့ကာမြန်မာစစ်တပ်နှင့်ကချင်လက်နက်ကိုင်တို့ကြားမကြာမီကဖြစ်ပွားနေသောတိုက်ပွဲများသည်
ငြိမ်းချမ်းရေးဆွေးနွေးမှုများရှေ့ဆက်ဆောင်ရွက်ရာတွင်အလွန်အရေးပါသည်ကိုဂရုပြုမိခဲ့ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးပြီးချင်းအပြန်အလှန်တိုက်ခိုက်တာတွေဟာအလိုအလျောက်ရပ်သွားမှာမဟုတ်ပါဘူး။အပစ်အခတ်ရပ်စဲရေးခိုင်မာလာအောင်ဆက်လက်​လုပ်ဆောင်ဖို့လုပ်စရာလုပ်ငန်းအများအပြားကျန်ရှိပါတယ်။အဲ့ဒီ့အချိန်ရောက်ရင်တောင်မှအပစ်အခတ်ရပ်စဲရေးအတွက်ကျွန်တော်တို့ကြိုးပမ်းလုပ်ဆောင်ကြမှာပါ၊ရှေ့ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲ
တွေရပ်တန့်ဖို့ကတော့ကျွန်တော်တို့အတွက်အခက်အခဲရှိပါတယ်”ဟုဦးအောင်မင်းမှပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များဖြစ်သည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့နှင့်ကြာရှည်စောင့်ဆိုင်းနေရသည့်အပစ်အခတ်ရပ်စဲရေးစာချုပ်ကိစ္စများကိုဖြေရှင်း
ရန်အတွက်မေလကုန်ပိုင်းတွင်တွေ့ဆုံရန်UPWC မှစီစဉ်ထားသည်။

နှစ်ဖက်စလုံးမှအပစ်အခတ်ရပ်စဲရေးကိုအတည်ပြုရေး(သို့မဟုတ်)ထိန်းသိမ်းရေးတို့နှင့်ပက်သက်နေသောကြောင့်နှစ်ဦးနှစ်ဖက်ယုံကြည်မှုကိုတည်ဆောက်ရာတွင်ခက်ခဲသောစိန်ခေါ်မှုများရှိကြောင်း
ဦးအောင်မင်းမှလက်ရှိအခြေအများကိုမှတ်ချက်ချခဲ့သည်။

တနင်္လာနေ့တွင်ကချင်လွတ်မြောက်ရေးတပ်(KIA) မှအစိုးရအရာရှိများအပါအဝင်ရွာသား၁၈ယောက်ကိုလွှတ်ပေးခဲ့ကာငြိမ်းချမ်းရေးဆွေးနွေးမှုများကိုသတ်မှတ်ထားသောနေ့အတိုင်းရှေ့ဆက်
ဆောင်ရွက်သွားသည်။

မြစ်ဆုံအနီးရှိတန်ဖေရွာသားသုံးဆယ့်နှစ်ယောက်ကိုမေလ(၇)ရက်နေ့တွင်ကေအိုင်အိုမှဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်မြောက်ပိုင်းကွပ်ကဲရေးတပ်အကြီးအကဲမှKIA အားမေလ(၆)ရက်နေ့တွင်ဖမ်းထားသောဝန်ထမ်းနှစ်ဦးအားမလွှတ်ပေးပါကမတတ်သာသည့်အဆုံးအကြမ်းဖက်မည်ဖြစ်ကြောင်းစာပို့ပေးခဲ့
သည်။

KIA မှအဆင့်မြင့်အရာရှိများမှသတ်မှတ်ရက်တွင်လွှတ်ပေးရန်အမိန့်ပေးခဲ့သော်လည်းပို့ဆောင်ရေးအခက်အခဲများကြောင့်ကြန့်ကြာခဲ့သည်။