အစိုးရနှင့်ကေအိုင်အိုဆွေးနွေးရာတွင်အခက်အခဲများကိုထိုးဖောက်ကျော်လွှားနိုင်မှုမရှိသေး

...

အစိုးရနှင့်ကေအိုင်အိုဆွေးနွေးရာတွင်အခက်အခဲများကိုထိုးဖောက်ကျော်လွှားနိုင်မှုမရှိသေး

Kachin News, 14 May 2014

URL: http://www.kachinnews.com/news/2652-no-breakthrough-during-kio-talks-with-government.html
ဗိုလ်ချုပ်ဂွမ်မော်အပါအဝင်ကချင်လွတ်မြောက်ရေးတပ်မတော်မှအဆင့်မြင့်အရာရှိကိုယ်စားလှယ်များသည်ကချင်ပြည်နယ်၏မြို့တော်ဖြစ်သောမြစ်ကြီးနားမြို့တွင်ယမန်နေ့ကမြန်မာအစိုးရဘက်မှ
၎င်းတို့နှင့်အဆင့်တူပုဂ္ဂိုလ်များနှင့်အတူစေ့စပ်ဆွေးနွေးခဲ့ကြသည်။KIO ကိုယ်စားလှယ်အဖွဲ့ကိုပညာရေးအဖွဲ့ဝန်ကြီးဖြစ်သူဦးဆန်လွတ်ဂွမ်မှဦးဆောင်ခဲ့သည်။

မြန်မာအစိုးရအဖွဲ့တွင်EUနှင့်နော်ဝေးအစိုးရတို့ငွေကြေးမတည်ထောက်ပံ့ပေးသောအစိုးရထိန်းချုပ်မှုအောက်ရှိမြန်မာငြိမ်းချမ်းရေးစင်တာမှဝန်ကြီးဦးအောင်မင်းဦးဆောင်သော၎င်း၏ဝန်ထမ်း
များတက်ရောက်ကြသည်။

ဆွေးနွေးပွဲကိုချင်းအမျိုးသားတပ်ဦး(CNF)၊ ပအို့အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(PNLO)နှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီတို့မှတက်ရောက်လေ့လာခဲ့ကြ
သည်။တရုတ်နိုင်ငံသံတမန်Mr Wang Ying Fan နှင့်ကုလသမဂ္ဂ​ရုံး​မှကိုယ်စားလှယ်Vijay Nambiar ၊Mariann Hagen တို့လည်းတက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်တွင်ဧပြီလအစောပိုင်း၌တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့်အချိန်မှစ၍နှစ်ဖက်စလုံးအတွက်ဆွေးနွေးခြင်းများပြုလုပ်ခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သည်။သို့ဖြစ်စေကာမူမြစ်ကြီး
နားတွင်နှစ်ဖက်စလုံးမှကောင်းမွန်သောဆန္ဒနှင့်အပြန်အလှန်လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီးယမန်နေ့ဆွေးနွေးပွဲပထမနေ့အတွင်းတွင်အခက်အခဲကြီးကြီးမားမားမရှိကြောင်းသိရသည်။

နှစ်ဖက်စလုံးမှပဋိပက္ခဖြေရှင်းရေးအသင်းဖွဲ့စည်းရန်၎င်းတို့ယခင်ကကတိပေးခဲ့သည်များကိုထပ်မံပြောဆိုခဲ့ကြသည်။ထိုအသင်းတည်ထောင်မှုသည်၂၀၁၃ခုနှစ်၊အောက်တိုဘာလတွင်သဘောတူ ထားခဲ့သည့်ပူးတွဲစောင့်ကြည့်စစ်ဆေးရေးဆောင်ရွက်သည့်လုပ်ငန်း၏တစိတ်တပိုင်းဖြစ်သည်။

ဆွေးနွေးပွဲများကိုဗုဒ္ဓဟူးနေ့ထိဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီးတိုးတက်မှုထင်ထင်ရှားရှားရလာလိမ့်မည်ဟုမျှော်လင့်မထားခဲ့ကြပေ။

“နှစ်ဖက်စလုံးက၂၀၁၃ခုနှစ်၊မေလနဲ့အောက်တိုဘာလမှာပြုလုပ်တဲ့ဆွေးနွေးပွဲပြီးတဲ့နောက်ပိုင်းမှာဖြစ်ပွားလာတဲ့ဖြစ်ရပ်တွေအကြောင်းကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်၊ငြိမ်းချမ်းရေးလုပ်
ငန်းစဉ်ရှေ့ဆက်ဆောင်ရွက်တာတွေကိုနှောင့်နှေးစေမယ့်ဖြစ်ရပ်တွေကိုရှောင်ကျဉ်ဖို့အာရုံစိုက်ခဲ့ကြပါတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်ပြီးထိန်းသိမ်းဆောင်ရွက်မှာ
ဖြစ်ပါ တယ်”ဟုပထမနေ့အပြီးတွင်ပူးတွဲအခြေအနေကိုထုတ်ပြန်ကြေငြာခဲ့သည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခြင်းမရှိပေ။

အင်္ဂါနေ့၌ Radio Free Asia (RFA)အင်္ဂလိပ်သတင်းတွင်တင်ထားသောဓာတ်ပုံတွင်ဗိုလ်ချုပ်ဂွမ်မော်နှင့်ဆွေးနွေးနေသူသည်ဗိုလ်ချုပ်​ကြီးမင်းအောင်လှိုင်ဟုမှားယွင်းစွာဖော်ပြထားသည်။အမှန်
စင်စစ်တွင်မူဓာတ်ပုံထဲ၌အရာရှိပုံသည်မြောက်ပိုင်းကွပ်ကဲရေးတပ်မှူးဗိုလ်ချုပ်ထွန်းထွန်းနိုင်သာဖြစ်သည်။

ဗိုလ်ချုပ်​ကြီးမင်းအောင်လှိုင်သည်မြန်မာတပ်မတော်တွင်စစ်ဦးစီးချုပ်ဖြစ်ပြီးKIO နှင့်ပြုလုပ်သည့်မည်သည့်ဆွေးနွေးပွဲမဆိုတက်ရောက်ခဲ့ခြင်းမရှိပေ၊အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်မှ၎င်းနှင့်တွေ့ဆုံရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းတွေ့ဆုံခြင်းမရှိသေးပေ။မြန်မာတပ်မတော်အကြီးအကဲအရာရှိတစ်ဦးဖြစ်သောဌာန၏အထူးစစ်ဆင်ရေးနံပါတ်(၁)ကချင်ပြည်နယ်စစ်ဆင်ရေးကိုကွပ်ကဲနေသည့်ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးသည်ပြီးခဲ့သောနှစ်၌ပြုလုပ်ခဲ့
သောဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော်လည်းအင်္ဂါနေ့တွင်တက်ရောက်မလာခဲ့ပေ။