ဂျပန် GGP မှဆောက်လုပ်ပေးသောတနင်္သာရီဒေသရှိမူလတန်းစာသင်ကျောင်း (၂) ကျောင်း

...

ဂျပန် GGP မှဆောက်လုပ်ပေးသောတနင်္သာရီဒေသရှိမူလတန်းစာသင်ကျောင်း (၂) ကျောင်း

The New Light of Myanmar, 26 Feb 2014

URL: http://www.moi.gov.mm/npe/nlm/content/26-feb-14
ဂျပန်အစိုးရသည်အခြေခံလူတန်းစားများလုံခြုံမှုစီမံကိန်း(GGP)စီမံချက်အတွက်ထောက်ပံ့ကူညီမှုပေးရန်ခွင့်ပြုချက်ရရှိထားမှုအောက်၌၂၀၁၂ခုနှစ်တွင်လူသားချင်း
စာနာထောက်ထားမှုအကူအညီနှစ်ခုပေးရန်ခေါင်းစဉ်ပါအစီအစဉ်များအတွက်ထောက်ပံ့မှုကိုစုစုပေါင်းယူအက်စ်ဒေါ်လာ၂၃၁,၁၆၂ထိတိုးမြှင့်ခဲ့သည်။

“တနင်္သာရီဒေသမြိတ်မြို့နယ်ရှိမြိတ်တောင်အခြေခံပညာရေးမူလတန်းကျောင်းအဆောက်အအုံတည်ဆောက်ရေးစီမံကိန်းအတွက်ယူအက်စ်ဒေါ်လာ၁၂၃,၄၀၈”၊
“တနင်္သာရီဒေသပလောမြို့နယ်အခြေခံပညာရေးမူတန်းကျောင်းအမှတ်(၇)အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းအတွက်ယူအက်စ်ဒေါ်လာ၁၀၇,၇၅၄”တို့ဖြစ်သည်။

မူလတန်းကျောင်းအဆောက်အအုံသစ်တည်ဆောက်ပြီးစီးမှုအဖြစ်လွှဲပြောင်းပေးအပ်ခြင်းနှင့်ဖွင့်ပွဲအခမ်းအနားကို၂၀၁၄ခုနှစ်ဖေဖော်ဝါရီလ၁၉ရက်နှင့်၂၀ရက်နေ့တို့တွင်
တနင်္သာရီဒေသရှိသက်ဆိုင်ရာနေရာဒေ​သအသီးသီး​၌ကျင်းပခဲ့ကြပြီး၎င်းအခမ်းအနားသို့ဂျပန်သံရုံးမှဒုတိယအတွင်းရေးမှူး​Mr.Kei MAE- DA နှင့်​​အ​ရာ​ရှိများတက်ရောက်ခဲ့
ကြသည်။

တနင်္သာရီဒေသရှိမြိတ်မြို့နယ်နှင့်ပလောမြို့နယ်တွင်ရှိသောမူလတန်းကျောင်းနှစ်ကျောင်းစီမံကိန်းသည်ကျောင်းဆောင်ဟောင်း၌လုံလောက်မှုမရှိသောသင်ကြားမှုပတ်ဝန်းကျင်
အောက်တွင်လက်ရှိသင်ယူနေသောကျောင်းသားအယောက်(၁,၀၀၀)ဝန်းကျင်ကိုအကျိုးအမြတ်ရရှိစေလိမ့်မည်ဖြစ်သည်၊ထို့ကဲ့သို့သောအခြေအနေများအောက်၌​ဂျပန်အစိုးရ သည်GGPစီမံချက်မှတဆင့်ကျောင်းအဆောက်အဦးအားဖြည့်ကွန်ကရစ်နှင့်ထိုအဆောက်အဦးများတွင်လိုအပ်သောပရိဘောဂအတွက်ငွေကြေးထောက်ပံ့ပေးခဲ့သည်။

ဂျပန်အစိုးရသည်၁၉၉၃ခုနှစ်ကတည်းကGGPစီမံချက်အောက်၌မြန်မာနိုင်ငံရှိအမျိုးမျိုးသောအခြေခံလူတန်းစားများအတွက်စီမံကိန်း(၆၆၇)ခုကိုကူညီခဲ့သည်၊၎င်းတို့အကြား
တွင်ပညာရေးစီမံကိန်း(၂၉၉)ခု၊ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း(၁၇၀)ခု၊လူမှုဖူလုံရေးနှင့်သဘာဝပတ်ဝန်းကျင်စီမံကိန်း(၁၃၃)ခုနှင့်အခြေခံအဆောက်အအုံစီမံကိန်း(၃၀)
ခုနှင့်အခြားစီမံကိန်း(၃၅)ခုတို့ပါဝင်ခဲ့ကြသည်။

ဤအကူအညီပေးမှုများသည်ယခုနှစ်တွင်ကျရောက်မည်ဖြစ်သောသံတမန်ရေးရာဆက်ဆံရေးတည်ထောင်မှုနှစ်ခြောက်ဆယ်ပြည့်နှစ်ပတ်လည်ဖြစ်သည့်ဂျပန်နှင့်မြန်မာအတွင်းအ နာဂတ်တွင်ရင်းနှီးချစ်ကြည်မှုခိုင်မာစွာတည်ရှိလိမ့်မည်ဟုမျှော်လင့်ခဲ့ကြသည်။