မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှအပစ်အခတ်ရပ်စဲရေးမူကြမ်းကိုအစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့ဝင်များထံဝေမျှပေးခြင်း

...

မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှအပစ်အခတ်ရပ်စဲရေးမူကြမ်းကိုအစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့ဝင်များထံဝေမျှပေးခြင်း

Irrawaddy News, 29 Jan 2014

URL: http://www.irrawaddy.org/burma/burmas-ethnic-armed-groups-share-ceasefire-draft-govt-negotiator.html
မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည်ကရင်ပြည်နယ်၊ကရင်လက်နက်ကိုင်ထိန်းချုပ်နယ်မြေတွင်သုံးရက်တာညီလာခံပြီးဆုံးပြီးနောက်တိုင်းရင်းသားခေါင်းဆောင်
များသည်အစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဝန်ကြီးဦးအောင်မင်းနှင့်ဗုဒ္ဓဟူးနေ့တွင်တွေ့ဆုံခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်၁၆အုပ်စုကိုကိုယ်စားပြုသည့်အစိုးရနှင့်စေ့စပ်ဆွေးနွေးသောတိုင်းသားအုပ်စုများ၏နိုင်ငံတဝှမ်းအပြစ်အခပ်ရပ်စဲရေးပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအ သင်းသည်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့တွင်ကျင်းပခဲ့သောအစည်းအဝေး၌နိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမူကြမ်းကိုဦးအောင်မင်းထံဝေမျှပေးခဲ့သည်။
မကြာသေးမီနှစ်များ၌မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုအများစုသည်မြန်မာအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကိုတဦးချင်းလက်မှတ်ရေးထိုးခဲ့သည့်အချိန် တွင်နေပြည်တော်မှတိုင်းရင်းသားအုပ်စုများအားလုံးအားနိုင်ငံအဝှမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတခုထဲကိုသာလက်မှတ်ရေးထိုးရန်အတွက်တွန်းအားပေးခဲ့သည်။ တိုင်းရင်င်းသားအုပ်စုများ၏ဒုတိယအကြိမ်ရွေ့ပြောင်းမှုကြောင့်ကြန့်ကြာခဲ့ရသောနောက်တကြိမ်ရမည့်အဆင့်မြင့်ဆွေးနွေးပွဲကိုကရင်ပြည်နယ်မြို့တော်ဘားအံ၌ဖေဖော်ဝါရီလ
(၂၀)ရက်နေ့ ပြုလုပ်ရန်သတ်မှတ်ထားကြသည်။
ငြိမ်းချမ်းရေးအသင်းမှတိုင်းရင်းသားအုပ်စုများ၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာဘောတူညီမှုမူကြမ်းကိုလက်ခံရရှိခဲ့ပြီး၎င်းတို့ရှင်းပြခဲ့သည့်မူကြမ်းတွင်ပါဝင်သောအပိုင်းများကို
လည်းနားထောင်ခဲ့ပါတယ်ဟုဦးအောင်မင်းမှပြောကြားခဲ့သည်။
ဘားအံဆွေးနွေးမှုများအားရှေ့လျှောက်ဆွေးနွေးရန်အလားတူအစည်းအဝေးကိုရန်ကုန်တွင်ဖေဖော်ဝါရီလလယ်လောက်၌ပြုလုပ်သွားရန်ရှိသည်ဟုတိုင်းရင်းသားခေါင်းဆောင်
များမှပြောဆိုခဲ့သည်။
မြန်မာငြိမ်းချမ်းရေးဗဟိုအဖွဲ့ဝင်၊အစိုးရအထူးအကြံပေးအရာရှိလှမောင်ရွှေမှအတိုက်အခံခေါင်းဆောင်ဖြစ်သောအောင်ဆန်းစုကြည်မှတက်ရောက်ရန်ဆန္ဒရှိလျှင်သူမကိုဘားအံ
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန်ဖိတ်ကြားမည်ဖြစ်ကြောင်းပြောဆိုလိုက်သည်။
ဦးအောင်မင်း၏အဆိုအရအစိုးရနှင့်တိုင်းရင်းသားခေါင်းဆောင်များသည်နေပြည်တော်တွင်နိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးဘောတူညီမှုလက်မှတ်ရေးထိုးရန်အတွက်ဘားအံ
တွင်ရက်သတ်မှတ်လိမ့်မည်ဖြစ်သည်။